အပိုင်း (၃)

1K 120 4
                                    

Unicode

များသောအားဖြင့် မင်္ဂလာဦးညပြီးလျှင် သတို့သားနှင့်သတို့သမီးသည် ချစ်ခင်ကြင်နာစွာဖြင့်ဖက်အိပ်ပြီး နံနက်ခင်းကို ချိုမြိန်သောအကြည့် ၊ ချိုမြိန်သော နှုတ်ဆက်ခြင်းဖြင့် စတင်ကြမည်ဖြစ်သည်။

ရိပေါ်ရဲ့ မင်္ဂလာနံနက်ခင်းကတော့ လေးနာရီပင်မထိုးသေး ၊ အချိန်မှန်သော တက်ကြွသည့်ကြက်ဖပင်မတွန်ရသေး ၊ အားကျို၏အတင်းနှိုးတာခံရကာ တခါမျှပင်ထိတောင်မထိဖူး ဖတ်တောင်မဖတ်ဖူးသည့် ဇနီးမယားကျင့်ဝတ်ဆိုသော စာအုပ်ကိုဖတ်နေရသည်။

" သခင်လေး ပင်ပန်းနေပြီလား "

အားကျိုသည် သူ့အနားကြာပန်းလက်ဖက်ရည်ခွက်အားချပေးပြီး မေးလာသည်။

" မင်းသခင်ဘယ်တုန်းကများ စာဖတ်တာကိုပင်ပန်းတယ်လို့ ငြီးသလဲ "

" ဒါပေါ့ ကျွန်တော်တို့သခင်လေးက စာဖတ်ရတာအကြိုက်ဆုံးပဲဟာ "

" ဒါပေမဲ့ ဒီစာအုပ်ကိုတော့ ငါမကြိုက်ဘူး "

အားကျိုဘက်ကနေ ဘာမျှဆက်မပြောလာတော့ ရိပေါ်လည်း စာအုပ်ထဲကိုသာစိတ်နှစ်လိုက်သည်။

' ဇနီးသည် သည် ခင်ပွန်းသည်မအိပ်စက်သေးခင် အရင်အိပ်စက်ခြင်းမပြုရ '

' ဇနီးသည် သည် ခင်ပွန်းသည်မထခင်တစ်နာရီအလိုတွင် အိပ်ယာမှထပြီး ခင်ပွန်းသည်အတွက် မနက်စာနှင့်မနက်ခင်းဝေယျာဝစ္စများကို ဆောင်ရွက်ရမည် '

' ဇနီးသည် သည် အိမ်၌နေပြီး ခင်ပွန်းသည်ပြန်အလာကို နေ့စဉ်လှလှပပဝတ်စားဆင်ယင်ကာ စောင့်ကြိုရမည် '

' ဇနီးသည် သည် ခင်ပွန်းသည်အားညတိုင်းကြင်နာစွာ... '

ဘုန်း!!!

ရိပေါ်ရဲ့စာအုပ်ကိုဆောင့်ပိတ်လိုက်မှုကြောင့် ဘေးမှာထိုင်ငိုက်နေသော အားကျိုတစ်ယောက်လန့်သွားပြီး ထခုန်ကာ အော်သည်။

" သခင်လေး သူခိုးလား!! ဘာဖြစ်တာလဲ!! "

အားကျိုရဲ့အမေးကို ရိပေါ်မဖြေနိုင်သေး နားဖျားများရဲကာ အောက်နှုတ်ခမ်းကိုသာပြတ်ထွက်မတတ်ကိုက်ပြီး မျက်ရည်တို့ဝေ့သီလာသည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now