အပိုင်း (၈)

654 63 4
                                    

Unicode

" ဖုရန် ကိုယ့်ဆီလာပါအုံး! "

ရိပေါ်ဟင်းရွက်တွေခြွေနေတုန်း ရှောင်းကျန့်မှလှမ်းခေါ်တာကြောင့် သူ့ရှေ့ရှိ အမျိုးသမီးနှစ်ဦးကို အားနာစွာကြည့်လိုက်မိသည်။ ထိုအမျိုးသမီးများသည် နားလည်သည့်သဘောဖြင့်ခေါင်းငြိမ့်ပြတာကြောင့် ရိပေါ်လည်း သူ့လက်ထဲကအရွက်ကိုချကာ ရှောင်းကျန့်ဆီအပြေးကလေးသွားလိုက်သည်။

မသွားလို့လည်းမဖြစ် အရင်တခါက သူခေါ်တာမသွားမိလို့ ရိပေါ်ဆူခံခဲ့ရသေးသည်။ တကယ်တော့ရိပေါ်ကတမင်မသွားတာမဟုတ် ၊ သစ်ပင်ပေါ်တက်နေ၍မကြားခြင်းသာဖြစ်သည်။ ထားလိုက်ပါတော့ ဒုတိယအကြိမ်‌ထပ်ပြီးတော့ အဆူမခံချင်ပေ။ မဟုတ်လျှင်တနေ့လုံး နားပူမှာအသေအချာပင်။

ရိပေါ်အခန်းထဲရောက်တော့ သူ့အားထိုင်စောင့်နေပုံရသည့်ရှောင်းကျန့်ကိုတွေ့ရလေသည်။ သူ့ကိုတွေ့တာနဲ့ရှောင်းကျန့်သည် အနားလာဖို့လက်ယပ်ခေါ်ပြီး အထုတ်တစ်ခုချပေးလေသည်။

" ဖွင့်လိုက် "

ရိပေါ်လည်းထိုအထုတ်ကိုဖွင့်လိုက်တော့ အထဲမှာပါသည့်အရာကြောင့် မျက်ဝန်းများဝိုင်းစက်ကာ ရှောင်းကျန့်ကိုမော့ကြည့်မိသည်။

" ခင်ဗျားအတွက် ကိုယ်မှာ‌ပေးထားတာ ... သဘောကျရဲ့လား "

ရိပေါ် အထုတ်ထဲရှိဝတ်စုံကို တစ်လှည့်ရှောင်းကျန့်ကိုတစ်လှည့်ကြည့်မိသည်။ ဒီရက်ပိုင်း စစ်သူကြီးနေထိုင်မကောင်းဘူးထင်၏။ ရိပေါ်ကိုနေ့တိုင်းနေ့တိုင်း တခုမဟုတ် တခု လက်ဆောင်ပေးလေသည်။ ပြီးနောက် သူပေးတာတွေကလည်း အဖိုးတန်ပစ္စည်းတွေချည်းပင်။ တော်ဝင်မျိုးနွယ်တွေမှာတောင် မရှိသည့် ရတနာများ ရှားပါးပစ္စည်းများပင်ဖြစ်သည်။

ရိပေါ်ခမျာ ပေးသည့်ပစ္စည်းတွေကကြေးကြီးလွန်းတာကြောင့် ညတောင်ကောင်းကောင်းအိပ်မရတော့ပေ။ တိုင်းတပါးကိုရောက်နေတာကြောင့် သူ့ပစ္စည်းတွေများလုခံရမလား ၊ ခိုးခံရမလား စိတ်ပူသည်။ သို့ပေမဲ့ စစ်သူကြီးကတော့ ထိုသို့ပူနေသည့်သူ့ကိုကြည့်ပြီး အမြဲဖျောင်းဖျလေ့ရှိပေမဲ့လည်း ရိပေါ်ကပူမြဲပူဆဲပင်။ ဘာပဲပြောပြော သူ့လောင်ကုန်းက ဒါတွေကို ပင်ပင်ပန်းပန်းရလာတာမဟုတ်ရင်တောင် သူ့အတွက်ဆိုပြီးတကူးတကယူလာပေးတာပဲ မဟုတ်လား။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now