အပိုင်း (၁၄)

536 51 5
                                    

Unicode

ကြားလိုက်ရသော အမေးစကားကြောင့်ရိပေါ် ထိတ်လန့်သွားပြီး သူ့နှလုံးတောင်လည်ချောင်းထဲကထွက်လာတော့မလိုခံစားလိုက်ရ၏။

ဒီတုံးအသည့် အရူးလေးသည် ဘယ်လိုတောင်တွေးလိုက်လို့ အနှီမေးခွန်းကိုမေးရလဲဆိုတာ သူမတွေးတတ်တော့ပေ။

သူ့ရဲ့ဂိုလျောမင်းကြီးအပေါ်ပြုမူသည့် အပြုအမူတို့က ရှောင်းကျန့်ကိုအထင်လွဲစေခဲ့သလား။ သို့မဟုတ် သူ့ရဲ့ပုံစံသည်ကား အထင်လွဲစေခဲ့တာလား။

အထင်လွဲစရာတော့မရှိပါ။ ရိပေါ်ကသေချာပေါက် ရှောင်းကျန့်ကလွဲ တခြားလူများကိုပုံမှန်သာဆက်ဆံလေ့ရှိ၏။ ဒါဆို ဘာကများ ဒီငတုံးကလေးကို အထင်လွဲစေခဲ့သနည်း။

သူဟာ ပြောခဲ့သည့်စကားတွေကိုသေချာတွေးကြည့်ရင်းမှ နောက်ဆုံးမှာတော့ ဘယ်နားမှာမှားနေလဲသိသွားရပြီ။

လက်စသက်တော့ ရှောင်းကျန့်သည် သူနဲ့အတူ ဖုန်းချွေ့စံအိမ်မလိုက်ခြင်းအပေါ်တွင် စိတ်ဆိုးပြီး အထင်လွဲနေခြင်းပင်။

ရိပေါ်တွေးရင်းနဲ့မှ မထိန်းချုပ်နိုင်တော့ပဲ သဘောတကျပြုံးရီလိုက်မိ၏။ သူရီတာကိုတွေ့တာနဲ့ ရှေ့က တရှူးရှူးတရှားရှားဖြစ်နေတဲ့ ရှောင်းကျန့်သည် သူမေးတဲ့ထဲရီစရာပါလို့လားဟုတွေးရင်း ကြောင်နေပြန်၏။

ရိပေါ်ပြုံးရင်းနဲ့ပင် ရှောင်းကျန့်ရဲ့ ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီး လေသံဖျော့ဖျော့နှင့်ပြောလိုက်၏။

" တုံးလိုက်တာ "

" ဟမ် ဘာကိုတုံးတာလဲ ၊ မင်းဆရာဝမ် ခင်ဗျားခေါင်းစဉ်မပြောင်းနဲ့ အီဟျွန်းကိုကြိုက်နေတာလားလို့! "

ရိပေါ်ရှောင်းကျန့်ခေါင်းပေါ်ကလက်ကိုဖယ်လိုက်ပြီး ပန်းကန်ထဲကမုန့်တခုယူကာ ရှောင်းကျန့်ပါးစပ်ရှေ့တိုးပေးလိုက်တော့၏။

ငြင်းခုံနေတာမှန်ပေမဲ့ ချစ်ရသူခွံ့ကျွေးတဲ့မုန့်မလို့ ရှောင်းကျန့်ကမငြင်းရက်ပဲ တစ်ကိုက်ကိုက်လိုက်ရတော့၏။ သို့ပေမဲ့ သူအခဲမကျေသေးပါ။ ဒီနေ့ဒီမေးခွန်းရဲ့အဖြေကိုသိရမှဖြစ်မည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now