အပိုင်း (၁၃)

474 52 1
                                    

Unicode

ရှောင်းကျန့်သည် အချိန်အတော်ကြာတဲ့ထိရိပေါ်ကိုဖက်ထားရာမှမလွှတ်ပေးခဲ့ပါ။ ဒီတိုင်းဖက်ထားရုံဖြစ်ပြီး ဘာစကားမှလည်းမပြောပေ။

ရှောင်းကျန့်ရဲ့ စိတ်ထဲတွင် အတွေးပေါင်းစုံနှင့်ရောက်ယက်ခပ်နေလေသည်။ သူသည် ဒီလူသားကိုအသက်ထက်ပို၍ချစ်မြတ်နိုးပါ၏။ အကြိမ်တိုင်းလည်း ကာကွယ်ပေးခဲ့ပြီး မျက်စိအောက်ကပင်အပျောက်မခံခဲ့ပေ။

သို့ပေမဲ့ သူ့ရဲ့ပေါ့ဆမှုကြောင့် လက်လွှတ်ပေးလိုက်ရပြီး ပြန်တွေ့တဲ့အခါမှာလည်း အိပ်မက်ဖြစ်မှာကိုစိုးရိမ်သည်။ အကယ်လို့များအိပ်မက်ဖြစ်နေမယ်ဆို သူထပ်ပြီး ညဘက်တွေအိပ်ရမည်မဟုတ်ပေ။

သူအတွေးတွေနဲ့ ခြောက်ခြားနေတုန်းမှာပဲ နူးညံ့သည့်လက်တစ်ဖက်သည် သူ့လက်ဖမိုးပေါ်အုပ်တင်လာပါ၏။

" ရှောင်းကျန့် "

" ……… "

" ထမင်းမစားရသေးဘူးမလား " သူခဏ‌ရပ်လိုက်ပြီးနောက် သူ့ကိုဖက်တွယ်ထားသည့် ကောင်လေးရဲ့လက်တွေကိုဖယ်လိုက်ကာ ပြန်လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ " ညနေစာစားရအောင် "

" ဟုတ်ကဲ့ ကိုကို... "

သူတို့ ဟွီဆူအာပြင်ပေးသည့် ညနေစာကိုတူတူစားဖြစ်ခဲ့ကြသည်။ စားပွဲပေါ်ရှိဟင်းများသည် ဟင်းနုနယ်ရွက်ကြော် ၊ ပဲကြာဆံကိုပဲပင်ပေါက်နှင့်သုပ်ထားသော အသုပ် ၊ မုန့်ညှင်းနှင့်အမဲသားကိုတွဲဖက်ကြော်ထားသည့် ဟင်းလည်းပါသေးသည်။ ဟင်းရည်ကိုတော့ ကင်မ်ချီဟင်းရည်ပြင်ပေးထားလေသည်။

ရိပေါ် စားစရာများကိုမတို့မထိတဲ့ရှောင်းကျန့်ကြောင့် ဘာလုပ်ရမယ်မသိဖြစ်သွားရသည်။ ဒါကသူတို့ပုံမှန်မြင်နေကြစားစရာမျိုးမဟုတ်ပေ။ သူတို့ဆိုတာထက် ရှောင်းကျန့်လို့ပဲဆိုရမှာပေါ့။

ရှောင်းအိမ်မှာတုန်းက ရိပေါ်ဟာ ရှောင်းကျန့်ကို နေ့တိုင်းနေ့တိုင်း ဂျုံခေါက်ဆွဲ ၊ ဖက်ထုပ်နှင့် တိုဖူးပျော့ စသည်တို့ကိုပဲလုပ်ကျွေးလေ့ရှိသည်။ စားဖိုဆောင်ကလူများချက်ရင်တော့ အရွက်တချို့နဲ့ ဝက်သားဟင်းပါတတ်ပြီး သူချက်ရင်တော့ ဂျုံနဲ့လုပ်တာကိုရွေးချက်တာကများသည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now