အပိုင်း (၂)

1.1K 123 3
                                    

ရှဲ့ကျိုး တိုင်းပြည်ရဲ့ကံကြမ္မာက လာမည့်နှစ်အတွင်းမှာပဲ ကံဆိုးမိုးမှောင်ကျလိမ့်မယ်!!!

ကြယ်နတ်နန်း ကဟောထားတဲ့ရှေ့ဖြစ်ဟောအတိုင်း ရှဲ့ကျိုးတိုင်းပြည်က လာမည့်နှစ်အတွင်းမှာပဲ ကံဆိုးမိုးမှောင်ကျကာ ကပ်ရောဂါများစတင်ပျံ့ပွားလာတော့သည်။

" မိုးခေါင်ရေရှားလို့ ပြည်သူတွေကပ်ရောဂါဖြစ်နေပြီဟုတ်လား? "

" မှန်ကြောင်းပါ မင်းကြီး "

" ကြားရတာ စိတ်မကောင်းစရာပဲ။ ပြည်သူတွေကိုချောင်းနားကရေစပ်လေးမှာ ရေတွင်းတခုတူးပေးပြီး ကပ်ရောဂါကိုကုသဖို့အတွက် သမားဝောာ်ဆယ်ယောက်ကိုမြို့ဝော်ထဲစေလွှတ်လိုက်ပါ။ ပြီးတော့ နောက်နှစ်ရက်အတွင်းမိုးခေါ်ပွဲစမယ် "

" အမိန့်အတိုင်းပါ မင်းကြီး "

ညီလာခံခန်းမသိမ်းပြီး အမတ်တွေအသီးသီးပြန်သွားကြပြီဆိုတာနဲ့ ပလ္လင်ထက်က မင်းကြီးရဲ့ မျက်နှာမှာ ဟန်မဆောင်နိုင်တော့စွာပဲ ပျက်ယွင်းသွားတော့သည်။

" မင်းကြီး... "

" အထိန်းတော်ချုပ်... မြန်မြန် နတ်ဆရာမကိုသွားခေါ်ချေ။ "

" ဟုတ်ကဲ့ မင်းကြီး "

ဘုရင်မင်းမြတ်၏ဆင့်ခေါ်မှုကြောင့် နတ်ဆရာမချောင် သည်ချက်ချင်းပင် ညီလာခံခန်းမထဲကိုရောက်လာကာ အခစားဝင်သည်။

" အရှင်မင်းကြီး "

" ချောင်ရှန်း "

" ကျွန်တော်မျိုးမသတိပေးခဲ့တယ်မလား မင်းကြီး "

" ချောင်ရှန်း ငါ... "

" မိုးခေါ်လည်းမထူးဘူးဆိုတာ မင်းကြီးသိမှာပါ "

" မင်းပြောသလိုလုပ်ဖို့ဆိုတာက...မင်းကငါ့သားကိုအမျိုးကောင်းသားတစ်ဦးနဲ့လက်ဆက်စေချင်နေတာလေ "

" ကောင်းကင်ဘုံရဲ့အလိုအရပါ "

‌နတ်ဆရာမချောင်ရှန်းစကားကြောင့် ဘုရင်မင်းမြတ်သည် သူ၏ခေါင်းကိုလက်ဖြင့်နှိပ်နယ်လိုက်မိပြီး သက်ပြင်းရှည်တခုကိုချလိုက်သည်။

" အိမ်ရှေ့စံဇာတာနဲ့ကိုက်ညီတဲ့ လူဆိုရင်ရော? "

" ရပါတယ် သတို့သားနှစ်ဦးမှာ တစ်ဦးက အိမ်ရှေ့စံဇာတာ ဒါမှမဟုတ် နတ်ဘုရားဇာတာနဲ့မွေးဖွားသူဖြစ်ပြီးတော့ နောက်တစ်ဦးကတော့ ပါရမီဖြည့်ဖက်သဘောကိုဆောင်တဲ့ ဇာမဏိဇာတာပိုင်ရှင် ဖြစ်ရပါမယ် "

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now