အပိုင်း (၁၀)

529 61 8
                                    

Unicode

ယနေ့ကား ရှောင်းအိမ်တော်၏ဈာပနပင်ဖြစ်သည်။

အိမ်တစ်အိမ်လုံးအား ဈာပနရောင်ဖြစ်သည့်အဖြူရောင်ဖြင့်အလှဆင်ထားကာ အိမ်တော်ထဲတွင်လည်း ခေါင်းတလားနှစ်လုံးကိုချထားလေသည်။ သုဿာန်ပို့မည့်လူများကလည်းအသင့်ဖြစ်နေသလို ဘေးကလိုက်ပါမည့် အခြွေအရံများလည်းအသင့်ဖြစ်နေပြီဖြစ်သည်။

အိမ်တော်အပြင်တွင်လည်း လူအများကစုဝေးနေကာ စိတ်မကောင်းကြောင်းပြောကြပြီး တချို့တလေကတော့ အတင်းပြောနေကြသေးသည်။

* ရှောင်းသခင်လေးသနားပါတယ် သူတစ်ယောက်ထဲကျန်ခဲ့ရှာတာ

* ဟုတ်ပါ့ တော်ရယ် ဘယ်လိုလုပ်ရပါ့မလဲ ကလေးကငါးနှစ်ပဲရှိသေးတာ

* ငါကြားတာကတော့ ရှောင်းသခင်ကြီးနဲ့ သခင်မကြီးက လုပ်ကြံခံရတာတဲ့

* ဘုရားရေ

ထိုသို့ပြောနေကြတုန်းပဲ အိမ်တော်ကြီး၏တံခါးသည်ပွင့်ဟလာကာ အထဲမှနေ ဈာပနဝတ်စုံအဖြူကိုဝတ်ထားသည့် ကလေးတစ်ယောက်ထွက်လာခဲ့သည်။

" သခင်လေး အထဲမှာနားနေတာမဟုတ်ဘူး ကျွန်တော်တို့ လိုက်ပို့လိုက်ပါ့မယ် "

" မလိုဘူး ဦးလေးစုန့် "

ထိုကလေးသည် ငါးနှစ်အရွယ်နှင့်မလိုက်အောင် တည်ငြိမ်နေပြီး သူ့မိဘများသေဆုံးမှုအပေါ်ဝမ်းနည်းခြင်းပင်မရှိပေ။ ငိုလည်းမငိုသလို အစားလည်းမစားပေ။ စကားလည်းနည်းသွားသလို အရင်ကထက်လည်းခေါင်းမာ‌လာသေးသည်။

" သခင်လေးရှောင်း အသင့်ဖြစ်ပြီဆို ကျွန်တော်တို့သွားကြတော့မလား "

" အင်း ဦးလေးစုန့်။ အပြင်ကလူတွေကိုရှင်းထုတ်ပေးပါ။ စပ်စပ်စုစုနဲ့ ကျွန်တော်မကြိုက်ဘူး "

ရင့်ကျက်စွာပြောလာသည့် ငါးနှစ်သားကြောင့် အိမ်တော်ထိန်းစုန့်လီအံ့ဩသွားရသည်။ ဒီကလေးသာ ငါးနှစ်မှန်းသူမသိထားရင် သူဒီကလေးကိုအရွယ်ရောက်ပြီးတဲ့ လူပုကလေးလို့ထင်မိမှာပင်။

စုန့်လီလည်း အပြင်ရှိလူတွေကိုလူစုခွဲဖို့ပြောပြီးတာနဲ့ ခေါင်းတလားထမ်းမည့်လူများကိုစထွက်ဖို့ပြောကြားပြီး သူတို့အိမ်သားအကုန် သုဿန်သို့ထွက်လာခဲ့ကြတော့သည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Where stories live. Discover now