အပိုင်း (၆)

975 105 11
                                    

Unicode

" ဘာ! စစ်သူကြီးရှောင်းက မရီးနဲ့ မင်္ဂလာခရီးထွက်ဖို့ခွင့်တစ်လယူသွားတယ်!? "

ယူထားတာဖြင့် သုံးနှစ်ထဲဝင်နေပြီ အခုမှစိတ်ရူးပေါက်ပြီး ဘာကိုမင်္ဂလာခရီး။ ငါ့ဖင်ကြီးပဲမင်္ဂလာခရီး။

" ဟုတ် ဟုတ်ကဲ့...စစ် စစ်သူကြီးဝူကို တာဝန်အကုန်လွှဲပေးခဲ့ပါတယ်။ ဒီမှာ အမိန့်စာပါ "

သူ့ရှေ့မှောက်ရောက်လာသော အမိန့်စာနှင့်အတူ ညာဘက်အောက်နားတွင်တုံးထုထားသည့် ချယ်ရီပန်းပွင့်ပုံတံဆိပ်တုံးကိုတွေ့လိုက်ရတာကြောင့် ဒါဟာ ရှောင်းကျန့်ကိုယ်တိုင်ရေးထားမှန်းသေချာသွားတော့သည်။

နန်းတော်ရှိအရာရှိများသာမက တော်ဝင်မျိုးရိုးများပါအသုံးပြုသည့်တံဆိပ်တုံးမှာ ရှုပ်ထွေးပွေလီသောပုံများဖြစ်ပေမဲ့ ရှောင်းကျန့်ကတော့ အများနှင့်မတူ တမူထူးခြားစွာဖြင့် ချယ်ရီပန်းကိုသာသုံးသည်။ ထိုတင်လားဆိုတော့မဟုတ်။ သူ၏အိမ်ထောင်ဖက်ဖြစ်သော မင်းဆရာဝမ်သည်လည်း မုဒန်း (Peony in Chinese name ; Source : Google Translate :) ပန်းပွင့်ပုံတံဆိပ်တုံးကိုသုံးလေသည်။

" ဟို...စစ် စစ်သူကြီးဝူ လက် လက်ခံမယ်မလားဟင် "

" မခံလို့ရမလား! မခံဘူးဆိုတော့ရော သင်းတို့ကပြန်လာမှာမလို့လား! ပေး အဲ့အမိန့်စာ! "

စစ်သူကြီးဝူလျန်သည် သူ့ရှေ့ရှိ အမိန့်စာအား ဆောင့်အောင့်ကာဆွဲယူပြီးတာနဲ့ လုံးချေပြီး အံဆွဲထဲထိုးထည့်လိုက်တော့သည်။

" ကြည့်နေ ငါအိမ်ထောင်ပြုရင် ခွင့်တစ်နှစ်ယူပစ်အုံးမယ်!! ငေးပြီးဘာလုပ်နေတာလဲ! ခုချက်ချင်း ရေသွားထမ်းစမ်း!! "

" ဗျာ ဟုတ် ဟုတ်ကဲ့ "

အဟောက်ခံလိုက်ရသော စစ်သည်ငယ်သည် ဘာကြောင့်ဟောက်ခံရလဲမသိစွာနှင့်ပဲ ရေထမ်းကာ ရေစည်ကိုသွားဖြည့်ရတော့သည်။

ရှောင်းအိမ်တော်ကြီးရှိ အလုပ်သမားများသည် သူတို့၏ဝသီအတိုင်း လုပ်စရာရှိတာကိုလုပ်နေကြပေမဲ့ အခန်းတစ်ခုထဲမှကောင်လေးနှစ်ယောက်ကတော့ အဝတ်အစားများကို ထုတ်ပိုးနေကြသည်။

အချစ်တို့ဖြင့်ဖွဲ့သီသော (ရပ်နား)Onde histórias criam vida. Descubra agora