ဇာတ်ကောင်မိတ်ဆက် ( Intro )

26.2K 717 48
                                    

မောင့်ကိုချစ်လို့ မောင်လို့ခေါ်မယ် ' ကုမုဒြာ '
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇာတ်လမ်းလေးက Omegaverse ဖြစ်ပြီးတော့ မြန်မာ Name နဲ့ရေးသားမှာပါ … ABO ကို မြန်မာပုံစံတစ်ခါမှမရေးဖူးသေးလို့ စမ်းကြည့်ချင်နေတာတော့ကြာပြီ … ဇာတ်လိုက်က အိုမီဂါဖြစ်လို ဗိုက်လေးလဲပါဦးမှာပါ … ဇာတ်ကောင်တွေရဲ့နာမည်တွေက တစ်ခြားသူဇာတ်ကောင်နဲ့ ဆင်နေတာမျိုးရှိရင် Crd ပေးပါတယ်နော် … အပျော်စိတ်ကူးယဉ်ရေးတာမို့ ပွဲလဲမဖြစ်ချင်ပါဘူး … ဘယ်သူ့နာမည်မှလဲတိုက်ရိုက်ယူမသုံးပဲ ကိုယ်ကြိုက်နှစ်သက်လို့ပေးထားတာပါ …

ဧကရာဇ်မောင် ( Seme )
~~~~~~~~~~~~~~~~~~~~

အင်အားကြီး အယ်ဖာတစ်ယောက်ဖြစ်ပေမဲ့ ငယ်စဉ်ကလေးဘဝမှာပဲ သူဟာချုပ်နှောင်ခံလိုက်ရပြီး လှောင်အိမ်တစ်ခုထဲမှာ ပိတ်လှောင်ခံခဲ့ရတယ် … သူ့ဘဝက သခင်ဖြစ်သူရဲ့ ချယ်လှယ်မှုအောက်မှာနေနေရပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရပဲ အထီးကျန်ခဲ့ရတယ် … အမြဲလွတ်မြောက်ဖို့ကြိုးစားပေမဲ့ သူ့ဘဝအဆုံးထိ ပိတ်လှောင်ခံခဲ့ရပြီး အမုန်းတွေသာ တိုးလာခဲ့တယ် … နောက်ဆုံးနည်းအမျိုးမျိုးသုံးပြီး လွတ်ထွက်နိုင်ခဲ့တဲ့အခါ သူ့ရဲ့ဆုံးဖြတ်ချက်တွေ သူ့ရဲ့လုပ်ရက်တွေကမှန်လားမှားလားဆိုတာ သူကိုယ်တိုင်ပဲအဖြေရှာရလိမ့်မယ် …

" အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရှိမယ်ဆိုရင် လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက အမှောင်ထဲမှာ ပွင့်လန်းနေတဲ့ပန်းလေးကို ချိုးယူမိတဲ့အချိန်ကို ပြန်သွားချင်တယ် … ဒါပေမဲ့ ငါမင်းကိုမမြင်ချင်ယောင်ဆောင်နိုင်ပါ့မလား "

" အချိန်တွေသာ နောက်ပြန်လှည့်ခွင့်ရှိမယ်ဆိုရင် လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက အမှောင်ထဲမှာ ပွင့်လန်းနေတဲ့ပန်းလေးကို ချိုးယူမိတဲ့အချိန်ကို ပြန်သွားချင်တယ် … ဒါပေမဲ့ ငါမင်းကိုမမြင်ချင်ယောင်ဆောင်နိုင်ပါ့မလား "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

' ကုမုဒြာ '
~~~~~~~~

လူတိုင်းမှာ ပြီးပြည့်စုံတဲ့ဘဝမျိုးဆိုတာ မရှိကြဘူး … အရာရာလိုလေသေးမရှိအောင်ပြည့်စုံတဲ့လူက ပိုပြီးမေတ္တာငတ်မွတ်ကြတယ် … ငါတန်ဖိုးထားရတဲ့မောင်က ငါ့အပေါ်မယုံကြည်တဲ့အပြင် ဟန်ဆောင်လိမ်ညာနေတယ်လို့ထင်နေတယ် … ငါမောင့်ကိုငါ့အနားမှာ အချိန်အကြာကြီးဆွဲထားနိုင်ပေမဲ့ သူမပျော်တဲ့ဘဝမှာတော့ အကြာကြီးမထားရပ်နိုင်ဘူး … ငါစိတ်ကုန်သွားတဲ့တစ်နေ့ အဝေးဆုံးကို ထွက်သွားပေးပါ့မယ် …

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now