Chapter - 26

14.2K 863 83
                                    

ဒီနေ့ ဧကရာဇ်မောင်ရဲ့မွေးနေ့မှာ မုဒြာကိုယ်ဝန်ရှိနေတဲ့အကြောင်း ဝန်ခံဖို့ဆုံးဖြတ်လိုက်သည် ။ အချိန်အတော်ကြာယူပြီးပြီမို့ ဘယ်လိုတုန့်ပြန်မှုပဲရရှိပါစေ မုဒြာခံနိုင်ရည်ရှိမည်ဟု ယုံကြည်ထားသည် ။ အရင်နှစ်တွေက ဧကရာဇ်မောင်မွေနေ့တွေမှာ ဈေးကြီးတန်ကိတ်တွေဝယ်ပေးခဲ့ပေမဲ့ ဧကရာဇ်ဟာ လက်ဖြားနှင့်ပင်မတို့ခဲ့ပေ ။

ဒီတစ်ခါတော့ သူတို့နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ကိတ်လုပ်နည်းသင်နေတဲ့မုဒြာကိုယ်တိုင် ဆရာဖြစ်သူထံကလေ့လာရသမျှနည်းလမ်းတွေကိုသုံးပြီး ကိတ်လုပ်ပေးဖို့တွေးထားသည် ။ တစ်ရက်အကြိုကမုဒြာစတင်ပြီး ကိတ်မုန့်လုပ်နည်း လေ့ကျင့်ခဲ့သည် ။ အဆင်ပြေပြေပြီးသွားပေမဲ့ အရသာကိုသိပ်ပြီးမနှစ်သက်သေး၍ ဧကရာဇ်စားနေကြကိတ်ဆိုင်သို့ထွက်လာခဲ့ပြီး သူတို့စားတဲ့အရသာကိုမေးမြန်းကြည့်ခဲ့သည် ။

နှစ်တွေအကြာကြီး သူဂရုစိုက်ပေးခဲ့တဲ့လူအတွက် နောက်ဆုံးနှုတ်ဆက်ချိန်လဲဖြစ်တာမို့ မုဒြာပြီးသလွယ်မလုပ်ချင်၍ ခုလိုဒုက္ခခံနေမိခြင်းဖြစ်သည် ။ ဒါဟာသူ့အတွက် နောက်ဆုံးသော ဂရုစိုက်မှုပင် ။ ထိုဆိုင်ကိုပဲ တစ်နေ့လုံးစာငှားလိုက်ကာ ဧကရာဇ်စားနေကြမုန့်အရသာနဲ့ကွက်တိကျအောင် လုပ်နည်းသင်ကြားပေးစေခဲ့သည် ။

အရောင်းဝန်ထမ်းမလေးတွေက ကုမုဒြာကိတ်လုပ်နေတာကို ချောင်းကြည့်ကာ တိုးတိတ်စွာဖြင့် ပြောနေကြသည် ။

" အဲ့ဒိသခင်လေးက ဥက္ကဌဟောင်းဦးကုဌေကြွယ်ရဲ့ မြေးသခင်လေးကုမုဒြာမဟုတ်လား … သူကအပြင်မှာအရမ်းချောတာပဲ "

" ဟုတ်တယ် … ဒီနေ့က ဥက္ကဌဧကရာဇ်မောင်ရဲ့ မွေးနေ့ဖြစ်မယ် … သခင်လေးမုဒြာကသူ့မိတ်ဖက် ဥက္ကဌကိုအရမ်းချစ်တာလို့ သူ့ဝန်ထမ်းတွေဆီကနေကြားဖူးတယ် … ကိုယ်တိုင်တောင်ကိတ်မုန့်လုပ်ပေနေတာပဲကြည့်လေ "

" ချန်းသာတဲ့လူတွေများ ကိုယ်တိုင်ကိတ်မုန့်ဖုတ်ပေးဖို့ တစ်ဆိုင်လုံးကိုတောင် အပျက်ငှားပြီး ကိုယ်တိုင်လာလုပ်တယ် … ကိတ်ကိုဝယ်လိုက်ရင်တောင်ငွေဒီလောက်မကုန်တာကို … အားကျလိုက်တာဟယ်  "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now