Chapter - 60

10.6K 702 47
                                    

အင်အားကြီးသူနှစ်ယောက် ထိပ်တိုက် တွေ့ဆုံခြင်းက ကမ္ဘာစစ်ကိုစတင်စိန်ခေါ်လိုက်သလိုပင် ။ ခြင်္သေ့ကကျားဂူထဲကို အတားအစီးမဲ့စွာဝင်လာပြီး ဆိုးရိမ်ဒေါသတွေအပြည့်နဲ့ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုလေးကို ရှာဖွေနေသလို ကျားကလဲ ခြင်္သေ့ရဲ့ရန်မူနေတဲ့အပြုအမူအောက်မှာ သူ့ရဲ့ပိုင်ဆိုင်မှုလေး ကြောက်ရွံ့မသွားစေရန် အပြည့်အဝကာကွယ်ပေးထားလေသည် ။

ထိုအင်အားကြီးတဲ့လူက ဘယ်သူမှန်းအစကမသိပေမဲ့ သခင်လေးမင်းယွီကို အသည်းအသန်ရှာနေပုံထောက်ရင် သူ့ရဲ့မိတ်ဖက် Lion ဖြစ်မည်ဟု ဧကရာဇ်ကော ဦးလေးမြတ်ပါ တွေးလိုက်မိကာ ဘာစကားတစ်ခွန်းမှ မဆိုရဲလောက်အောင် အံ့ဩသွားလေသည် ။

ရှန်ဖန်းဂူဆိုတဲ့ နာမည်ကိုကြားတာနဲ့ လူတိုင်းကျောချမ်းစေလောက်တဲ့ အငွှေ့အသက်ကို ပေးစွမ်းနိုင်သလို ခက်ထန်တဲ့သူ့ရဲ့အကြည့်တွေကိုလဲ ဘယ်သူမှရင်မဆိုင်ရဲကြပေ ။ အမှောင်လောကရဲ့ ဘုရင်တစ်စူလိုဖြစ်တာကြောင့် သူကျင်လည်တဲ့အမှောင်ဂိုဏ်းတွေကလွဲပြီး၍ ပြည်ပစီးပွားရေးသမားတွေက ရှန်ဖန်းဂူကို ကြားယုံမျှသာကြားဖူးကြပြီး မြင်တွေ့ရဖို့ခက်ခဲလှသည် ။

ရှန်ဖန်းဂူက အလွန်လျှို့ဝှက်လွန်းတာကြောင့် သူ့ရဲ့ရုပ်သွင်အစစ်အမှန်ကို ပြည်ပနိုင်ငံကလူတွေမမြင်တွေ့နိုင်အောင် ဆိုရှယ်တွေကို ပိတ်သိမ်းထားသည် ။ ဒါကြောင့် အားလုံးကသူ့ကို နာမည်ကိုသာရင်းနီးပြီး ရုပ်သွင်ကိုတော့ သူ့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေကလွဲ၍ တစ်ခြားသောပုံစံဖြင့်မမြင်ဖူးကြပေ ။

Lion ဆိုတာနဲ့ အားလုံးရဲ့အတွေးထဲက ရုပ်သွင်ဟာ အင်အားကြီးမားကာ ကြမ်းတမ်းရက်ဆက်ပြီး ကြောက်စရာကောင်းတဲ့လူသန်ကြီးဟု ထင်မြင်မိကြမှာမလွဲဧကန်ပင် ။ ဧကရာဇ်မောင်နဲ့ဦးလေးမြတ်အပါအဝင် စီးပွားရေးလောကသမားတွေက Lion ကိုအပြင်မှာမတွေ့ဖူးတာကြောင့် သတင်းတွေကြားဖူးယုံမျှနှင့် Lion ဆိုသူက ပြိုင်ဘက်ကင်းလူသန်ကြီးတစ်ယောက်ဟုသာ မှတ်ယူထားလေသည် ။

သူတို့အရှေ့မှာရှိနေတဲ့လူကတော့ သာမန်ထက်ထင်ပေါ်နေကာ ရုပ်သွင်က ခန့်ညားတဲ့ထဲမှာပါပြီး ချောမောသည်ဟုလဲဆိုနိုင်သည် ။ သူ့ရဲ့မျက်ဝန်တွေထဲမှာ ယောက်ျားဆန်မှု သန်မာမှု တို့အထင်းသားပေါ်နေကာ ခန္ဓာကိုယ်က တောင့်ဖြောင့်ပြီး ပြိုင်ဘက်ကင်းချောမောခန့်ညားသည့် ခံစားမှုကို ရရှိနိုင်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now