Chapter - 56

8.4K 416 51
                                    

ကုမုဒြာက မနက်အစောကြီးထကာ အစားအသောက်အတွက် ပြင်ဆင်ပေးနေသည် ။ ကုကုလေးက ကားပေါ်မှာအိပ်ပျော်သွားပြီး နိုးထလာတော့ အရမ်းကိုကြီးကျယ်ခန်းနာတဲ့ အိမ်တော်ကြီးထဲကိုရောက်နေတာကိုတွေ့လိုက်ရပြီး တအံ့တဩနဲ့ အိမ်တော်တစ်ရှောက် လျှောက်ပတ်ကြည့်နေသည် ။ အစေခံတစ်ချို့ကလဲ သခင်ငယ်လေးအနောက်ကနေ တကောက်ကောက်လိုက်ကာ စောင့်ရှောက်ပေးကြသည် ။

ကုကုလေးက မုန့်ဆိုင်မှာ ဝန်ထမ်းအနည်းငယ်နဲ့သာဆော့ကစားရပြီး သူတို့ကအလုပ်သမားတွေမို့ တစ်ခါတစ်ရံ ကုကုလေးကိုအဖော်မပြုပေးနိုင်လျှင် တစ်ယောက်ထည်းကစားရသည် ။ ဒီအိမ်တော်ကြီးမှာတော့ သူနဲ့ကစားပေးမဲ့အစေခံတွေအများကြီးရှိနေ၍ အလွန်ပျော်မြူးကာ ခြံရှေ့၌ ပြေးလွှားဆော့ကစားနေလေတော့သည် ။

ဦးလေးမြတ်က အိမ်ရှေ့မှာရပ်ကာ သခင်ငယ်လေးရဲ့ပြေးလွှားဆော့ကစားနေပုံကိုကြည့်ပြီး သခင်လေးကုမုဒြာရဲ့ငယ်ဘဝကိုသတိရမိသွားသည် ။ အပူအပင်ကင်းတဲ့ ချစ်စရာကလေးလေးကနေ နာကျင်စရာအခက်အခဲတွေအများကြီးကို သခင်လေးမုဒြာကြုံလာခဲ့ရသည် ။ ခုချိန်ကနေစပြီး သခင်ငယ်လေးရောသခင်လေးမုဒြာပါ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြစေဖို့ ဦးလေးမြတ်တတ်နိုင်သလောက်ကြိုးစားပေးမည်ဖြစ်သည် ။

မင်းယွီလဲအစောကြီးနိုးနေပြီး မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည့် မုဒြာကို ကူညီပေးဖိုရောက်လာသည် ။

" သခင်လေးမင်းယွီ ဒါတွေကူလုပ်ပေးဖို့မလိုပါဘူး "

" ဘယ်ဟုတ်မလဲမုဒြာရယ် ... ငါလဲအလုပ်ပိတ်ရက်တွေမှာဆို အိမ်မှာကိုယ်တိုင်ချက်ပြုတ်ခဲ့တာ ... ဘာမှမဖြစ်ပါဘူး "

" ဒါပေမဲ့ သခင်လေးမင်းယွီက ဧည့်သည်လေ "

" ငါ့ကို သူငယ်ချင်းလို့ သဘောမထားဘူးပေါ့လေ "

" အဲ့လိုပြောတာမဟုတ်ပါဘူး "

" ကဲ့ပါ အစေခံတွေကလဲ ကုကုလေးကိုအဖော်ပြုပေးနေရတော့ မုဒြာကို ငါပဲကူညီပေးမယ် ... အားနာဖို့မလိုဘူး "

မင်းယွီကလက်မလျော့ပဲကူညီဖို့ပြောနေတော့ မုဒြာလက်ခံလိုက်ရသည် ။ ခုချိန်ထိ ရင်းနီးတဲ့အိုမီဂါသူငယ်ချင်းမရှိခဲ့တာကြောင့် အစပိုင်းမှာမုဒြာအနေရခက်ပေမဲ့ သခင်လေးမင်းယွီရဲ့ ဖော်ရွေမှုတွေကြောင့် ခနလေးချင်း နေသားကျကာ ခင်မင်သွားလေသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now