Chapter - 57

8.2K 418 58
                                    

မနက်ဝေသီဝေလင်းအချိန်မှာပဲ မေမြို့ခရီးစဉ် စတင်ထွက်ခွာလာခဲ့ကြသည် ။ ဦးလေးမြတ်က အိမ်တော်ကိုကြိုသွားနှင့်ပြီး ပြင်ဆင်စရာရှိတာတွေပြင်ဆင်နှင့်သည် ။ လူယုံလင်းထက်ရဲ့အပေါင်းအပါတွေက သခင်လေးမင်းယွီနဲ့သခင်ကြီးတို့မိသားစု လုံခြုံရေးကိုတာဝန်ယူစောင့်ကြပ်ပေးရသည် ။

ခရီးကဝေးတာကြောင့် အရာရှိကျန်းက မသွားဖို့ မင်းယွီကိုတားပေမဲ့ မင်းယွီကတော့ နားမထောင်ပဲ သူလည်ပတ်ဖို့တွေးထားတဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နေသည် ။ သူ့စိတ်ကူကြောင့်ပဲ ဧကရာဇ်မောင်တို့မိသားစုလေးကို ပြန်ပေါင်းထုတ်ဖို့ အကူအညီဖြစ်စေမည်ပင် ။

အနက်ရောင်စိမ်ခံကားလေးပေါ်မှာ လူ ၄ ယောက်နဲ့ ကလေးလေးတစ်ယောက် ထိုင်နေကြပြီး ကားမောင်းသူက လူယုံလင်းထက်ဖြစ်သည် ။ ဧကရာဇ်မောင်က မုဒြာတို့နဲ့အတူထိုင်ချင်ပေမဲ့ မနေ့ကကိစ္စပြီးကတည်းက နှစ်ယောက်သား မျက်နှာချင်းမဆိုင်ရသေးသလို သားလေးကလဲ သခင်မင်းယွီအနားကိုကပ်သွယ်နေခြင်းကြောင့် မုဒြာက သခင်မင်းယွီနဲ့အတူ နောက်ခန်းထဲမှာထိုင်နေပြီး ဧကရာဇ်ကတော့ ရှေ့ခန်းထဲက ကားမောင်းသူနဘေးမှာထိုင်နေရသည် ။

သခင်ကြီးဖြစ်သူရဲ့ စိတ်ဓာတ်ကျအုံ့မှိုင်းနေတဲ့မျက်နှာအခြေအနေကြောင့် လင်းထက်ခမျာ အသက်ပင်ရဲရဲမရှူရဲပေ ။ နီးလျှက်နဲ့ဝေးနေကြသည့်ခံစားချက်က တကယ်ကိုခံရခက်သည် ။ မနေ့ကအဖြစ်အပျက်ကြောင့် ဧကရာဇ်တစ်ယောက် လူပျိုပေါ်ဝင်စချစ်တတ်ခါစ ကလေးတစ်ယောက်လို စိတ်လှုပ်ရှားပြီး မအိပ်နိုင်ဖြစ်နေပေမဲ့ မုဒြာကတော့ ဘာထူးခြားမှုမှမရှိ ပုံမှန်လိုပင် ။

ဧကရာဇ်တစ်ယောက် သူတစ်ယောက်ထည်းကသာ ဒီလိုတွေခံစားမိနေခဲ့လေသလားဟု အတွေးများနေသည် ။ မုဒြာနဲ့အနမ်းထက်ပိုတဲ့အရာတွေ အများကြီးပြုလုပ်ခဲ့ဖူးပေမဲ့ ​ဝေးကွာပြီးပြန်လည်ဆုံးစည်းခဲ့ချိန်မှာ မနေ့ကအနမ်းဟာ ပထမဆုံးထိတွေ့ခွင့်ရခဲ့သည့် အနမ်းတစ်ခုဖြစ်သည် ။ အတင်းအကြပ်ရယူတာမျိုးမဟုတ်ပဲ တစ်ဖက်လူထံကတွန်းထုတ်ခြင်းမရှိခဲ့သည့် အနူးညံ့ဆုံးနဲ့အချိုမိန်ဆုံး အနမ်းတစ်ခုဖြစ်ခဲ့သည် ။ ထိုအရာကိုပြန်တွေးမိတော့ ဧကရာဇ်မောင် စိတ်လှုပ်ရှားလာသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now