Chapter - 51

12K 690 66
                                    

ဧကရာဇ်မောင်ဘေးအခန်းသို့ ရောက်လာချိန်မှစ၍  သားလေးဟာ အရင်လိုအပြင်လျှောက်လည်ဖို့ မုဒြာအားမပူစာတော့ပဲ ဘေးအခန်းကိုသာသွားပြီး ဆော့ကစားနေတတ်သည် ။ မုဒြာက တားပေမဲ့ သူတို့ရဲ့ဆက်နွယ်မှုက တားစီး၍မရပဲ ပို၍သာခင်မင်လာကြသည် ။

မုဒြာတို့သားအဖ ကျောင်းအသွားအပြန်ကို ဧကရာဇ်မောင်က အကြိုအပို့လုပ်ပေးပြီး မုန့်ဆိုင်မှာ ၂ နာရီခန့် မုန့်လုပ်သင်ကာ ကျန်ရှိနေတဲ့အချိန်တွေမှာ မုဒြာတို့အခန်းမှာ သန့်ရှင်းရေးလုပ်ပေးရင်း မုဒြာနဲ့နီးနီးကပ်ကပ်နေနိုင်ရန် သူ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေသည် ။ မုဒြာကအတင်းပြန်ခိုင်းလျှင်လဲ သားလေးနဲ့သူ့အခန်းဆီပြန်ပြီး သားလေးကိုအဖော်ပြုကာ ဆော့ကစားပေးနေပြန်သည် ။

အလုပ်ကိစ္စတွေနဲ့ အချိန်ဇယားတွေပြည့်နေသင့်တဲ့ ဥက္ကဌတစ်ယောက်က ၂၄ နာရီလုံး သူ့ရဲ့မျက်စိအောက်ကနေ ပျောက်မသွား၍ မုဒြာ ဧကရာဇ်မောင်ဘာလုပ်ဖို့ကြိုးစားနေလဲ မတွေးတတ်တော့ပေ ။

သူကအိမ်မပြန်တော့ပဲ အခန်းပါပြောင်းရွှေ့လာ၍ အရင်လို နှင်ထုတ်၍လဲမရတော့ပေ ။ ဧကရာဇ်မောင်အနောက်မှာ တကောက်ကောက်လိုက်ကာ စောင့်ကြည့်ပေးနေတဲ့ ကိုယ်ရံတော်လင်းထက်ကိုလဲမမြင်မိ၍ တကယ်ပဲအနားယူဖို့ခနလာနေသည်ဟုထင်မှတ်ကာ မုဒြာဒီတိုင်းပဲ ငြိမ်နေလိုက်တော့သည် ။

ခုဆို ဧကရာဇ်မောင် ဘေးအခန်းသို့ ပြောင်းရွှေ့လာတာ လဝက်ခန့်ရှိလေပြီ ။ သူတို့ပြန်ပြီးတွေ့ဆုံခဲ့တာ တစ်လပင်ပြည့်ခဲ့ပြီ ။ အတိတ်မှာ မုဒြာပြုလုပ်ခဲ့သမျှ အလုပ်တွေအားလုံးကို လက်ရှိအချိန်၌ ဧကရာဇ်မောင်ဟာ အားလုံးနဲ့ထပ်တူညီစွာလုပ်ဆောင်ပေးနေသည် ။

မုဒြာအိပ်ယာကနေနိုးထလာလျှင် ဘေးခန်းက ဧကရာဇ်မောင်ဟာ သူ့အခန်းတွင်းရောက်ရှိနေပြီး သူတို့အတွက်မနက်စာအရန်သင့် ပြင်ဆင်ထားပြီးဖြစ်သည် ။ အစကမလုပ်ပေးဖို့တားပေမဲ့ တားမရသည့်အဆုံးခွင့်ပြုလိုက်ရသည် ။

နေ့လည်စာအတွက်လဲ ဧကရာဇ်မောင်က သားလေးရဲ့အတွက်ပါ ကျောင်းသို့ ထမင်းဘူးယူလာပေးပြန်သည် ။ မုဒြာနဲ့အတူ တာဝန်တမ်းဆောင်နေတဲ့ စေတနာ့ဝန်တမ်းတွေက သူတို့ရဲ့ဆက်ဆံရေးကို ရိတ်မိလာကာ တိုးတိုးသဖုံတိုက်ရိုက်သဖုံပြောဆိုမေးမြန်းလာ၍ မုဒြာကဧကရာဇ်အား ထမင်းချိုင့်မယူလာတော့ဖို့ပြောပေမဲ့တားမရပေ ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now