Chapter - 61

8.2K 614 45
                                    

ယခင်က ခြောက်ကပ်တိတ်ဆိတ်နေတဲ့ အိမ်တော်ကြီးက ယခုတော့ ဧည့်သည်များဖြင့် စည်ကားလို့နေသည် ။ ထိုနေ့ နေ့လည်ခင်းမှာပဲ ဒေါက်တာယံယံပါ မေမြို့ကအိမ်တော်ထံ ရောက်လာခဲ့သည် ။

ဧကရာဇ်မောင်နဲ့မုဒြာတို့ Heat Cycle ဖြစ်ကာ အခန်းအောင်းနေစဉ်ကတည်းက ဦးလေးမြတ်သတင်းပေးပို့မှုကြောင့် ယံယံသိရှိနေခဲ့ပြီး အရေးကြီးတဲ့လူနာတွေကိုအမြန်ဆုံးကုသပေးကာ ထွက်လာဖို့ပြင်နေခဲ့ခြင်းဖြစ်သည် ။

မုဒြာနဲ့ဧကရာဇ်မောင်တို့ ပြန်ပြီးပေါင်းစည်းနိုင်သွားတာဟာ မင်္ဂလာသတင်းတစ်ရပ်ဖြစ်သလို Heat Cycle မှာဖြစ်လာမဲ့ဝေသနာတွေကို ကုသပေးဖို့ကသူ့တာဝန်မို့ မအားတဲ့ကြားကနေ မရမကထွက်လာခဲ့ခြင်းဖြစ်သည် ။

သူအိမ်တော်ထဲသို့ရောက်ရောက်ခြင်း ဧည့်သည်တွေဒီလောက်အများကြီး ရှိနေလိမ့်မည်ဟုမထင်ထား၍ ယံယံကြောင်အသွားသည် ။ ရှန်ဖန်းဂူပြန်လွှတ်လိုက်တဲ့လူအုပ်ကြီးကိုသာ ယံယံတွေ့လျှင် လန့်ပြီးထွက်ပြေးသွားမိလောက်မှာအမှန်ပင် ။

" ယံယံ ရောက်လာပြီလား "

ဇွဲကထွက်ကြိုလာသည် ။ အားလုံးက ဧည့်ခန်းထဲမှာ စုထိုင်နေကြပြီး ဧကရာဇ်မောင်နဲ့ မုဒြာတော့မပါပေ ။ ဖယ်ရိုမုန်းတွေကို ကုသပေးနေတဲ့ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ယံယံဖယ်ရိုမုန်းပေါင်းစုံကို တွေ့ကြုံဖူးပေမဲ့ သူ့အရှေ့မှာရှိနေတဲ့ အင်အားကြီး အယ်ဖာနှစ်ယောက်ကိုတွေ့ရတော့ သူတစ်ခါမှမကြုံတွေ့ဖူးတဲ့ ဖယ်ရိုမုန်းတွေကိုခံစားမိနေ၍ အထဲကိုဝင်ဖို့ပင် တွန့်ဆုတ်မိသွားသည် ။

" ယံယံ ဘာဖြစ်လို့လဲ "

ဇွဲက တုန့်ဆုတ်နေတဲ့ယံယံကိုမေးလိုက်တော့ ယံယံကသတိအနေအထားဖြင့် ဇွဲအားပြန်မေးလိုက်သည် ။

" ဇွဲ သူတို့က ဘယ်သူတွေလဲ … ကြည့်ရတာ ကြောက်ဖို့ကောင်းတယ် "

" အော် မင်းကိုမိတ်ဆက်ပေးရဦးမယ် "

ဇွဲက ယံယံကိုအထဲခေါ်လာပြီး ထိုင်ခုံထောင့်စွန်းမှာထိုင်နေတဲ့ အရာရှိကျန်းကိုညွှန်ပြလိုက်ကာ …

" ဒီပုဂ္ဂိုလ်က C နိုင်ငံက အရာရှိကျန်းရှုယွမ် … ငါ့အမေနဲ့အမှုတစ်ခုကိုလိုက်ဖို့ ဒီရောက်လာတာ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now