Chapter - 31

14.3K 847 109
                                    

အဖိုးကုဌေကြွယ်သေဆုံးသွားပြီးနောက်မှာ ဦးလေးမြတ်ဟာလဲ အထီးကျန်ကာ စိတ်ပင်ပန်းလူပင်ပန်းပြီး လဲကျသွားသည် ။ ဦးလေးမြတ်အား အခန်းထဲမှာအနားယူစေပြီး ဧကရာဇ်မောင်က အဖိုးရဲ့အလောင်းအား စတင်ကာသန့်ရှင်းပေးနေခဲ့သည် ။

စိတ်သဘောထားကောင်းပြီး နှလုံးလှတဲ့ထိုသခင်ကြီးက သေဆုံးသွားချိန်မှာတောင် အပြုံးမပျက်ပေ ။ အဖိုးကုဌေကြွယ် သေဆုံးသွားတာက ဧကရာဇ်မောင် သူ့ရဲ့မိဘတွေသေဆုံးသွားချိန်တုန်းကထက်ပို၍နာကျင်ရသည် ။ သူ့အပေါ်အမှန်တကယ်ကောင်းပေးကာ စောင့်ရှောက်ပေးခဲ့တဲ့လူတစ်ယောက် ဆုံးရှုံးသွား၍ပင် ။

ပြန်တွေးကြည့်တော့မှ သူ့ထံ၌ မိဘတွေနဲ့ပတ်သပ်ပြီးကောင်းမွန်တဲ့အမှတ်တရကောင်းတွေမရှိခဲ့ပေ ။  မိခင်ရဲ့မေတ္တာငတ်မွတ်ကာ မိခင်ထံကဂရုစိုက်ပေးမှုကို လိုချင်တောင့်တမိယုံကလွဲ၍ မိခင်အပေါ်သံယောဇင်သွယ်တာမှုမျိုး သတိတရရှိခြင်းမျိုးမရှိခဲ့ပေ ။ မိခင်ရိုက်သွင်းပေးခဲ့သည့် မှားယွင်းတဲ့ယုံကြည်မှုတွေနဲ့ အမုန်းတရားတွေတာ ဆွဲထင်နေခဲ့ခြင်းဖြစ်သည် ။

ဧကရာဇ်ဟာ ငယ်စဉ်ကတည်းက အိမ်ဖော်တွေရဲ့လက်ထဲမှာသာ ကြီးပြင်းခဲ့ရသည် ။ ဖခင်ကတော့ သူ့ကျန်းမာရေးနဲ့သူ ဧကရာဇ်အား ဂရုစိုက်မပေးနိုင်ပေ ။ တစ်ခါတစ်ရံမိုးရွာသည့်ညတွေမှာ မိဘတွေရဲ့ရင်ခွင်ထဲမှာ နွေးထွေးစွာအိပ်ခွင့်မရပဲ အေးဆက်သည့်အခန်းထဲမှာ တစ်ယောက်ထည်း ကြောက်ရွံ့စွာအိပ်ဆက်ခဲ့ရသည် ။

ဧကရာဇ်လေးက မိဘတွေရဲ့နူးနူးညံ့ညံ့ဆက်ဆံပေးမှုကိုသာ တောင့်တနေခဲ့ပြီး ညအိပ်ချိန်တိုင်း အနွေးဓာတ်ပေးမည့် ရင်ခွင်ကို လိုချင်မိခဲ့ယုံသာ ။ အမှောင်ထုထဲမှာ အထီးကျန်တဲ့ညပေါင်းများစွာကို ဖြတ်ကျော်လာပြီးတဲ့နောက်မှာ ကုမုဒြာဆိုတဲ့ တောက်ပကာအပြုံးပန်းတွေပွင့်လန်းနေတဲ့ ပန်းကလေးနဲ့ တွေ့ဆုံခွင့်ရခဲ့သည် ။

အဖိုးကြွယ်ဟာလဲ ကုမုဒြာနဲ့ဧကရာဇ်အား မြေးအရင်းနဲ့မခြား ၂ ယောက်လုံးကိုတန်းတူဂရုစိုက်ပေးသည် ။ သခင်ကြီးတစ်ယောက်ဖြစ်ပေမဲ့ ဧကရာဇ်အား အပေါ်စည်းကနေမဆက်ဆံပဲ အရာအားလုံးကို စေသနာပါပါသင်ပြပေးသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now