Chapter - 54

9K 515 93
                                    

မနက်စောစောစီးစီး တံခါးခေါက်သံကြောင့် မုဒြာနိုးထလာသည် ။ အိပ်ယာထက်၌သားလေးက အိပ်ပျော်နေဆဲမို့ မုဒြာအသာလေးထွက်လာခဲ့သည် ။ ဧကရာဇ်မောင်ကတော့ ဘယ်အချိန်ကအိပ်ရာထသွားလဲမသိ အရိပ်အယောင်ပင်မတွေ့ရပေ ။

" ဘယ်သူလဲ "

မုဒြာတံခါးရှေ့ရောက်တော့ ချက်ချင်းဖွင့်မကြည့်သေးပဲ မေးကြည့်လိုက်သည် ။

" ကျွန်တော်ပါ … အတွင်းရေးမှူးသက်မောင်  "

ထိုအခါမှမုဒြာတံခါးဖွင့်ပေးလိုက်သည် ။ အတွင်းရေးမှူးကိုယ်တိုင်ရောက်လာတာမို့ ကိစ္စတစ်ခုခုရှိနေမည်မှန်းသိလိုက်သည် ။

" ဥက္ကဌက သခင်လေးအခန်းထဲမှာရှိနေလား "

" မရှိဘူး … သူဘယ်ထွက်သွားလဲမသိဘူး … ကြည့်ရသလောက်တော့ မနက်စာအတွက်တစ်ခုခုသွားဝယ်နေတာဖြစ်မယ် ……  အထဲကနေစောင့်နေလို့ရပါတယ် "

" ကျွန်တော်မဝင်တော့ပါဘူး … ဒီကသခင်လေးမုဒြာဆီက အကူအညီလေးတောင်းချင်လို့ပါ "

" ကျွန်တော် ဘာများကူညီပေးရမလဲပြောပါ "

" သခင်လေးသိတဲ့အတိုင်း ဥက္ကဌက ဒီလောက်အလုပ်တွေပုံနေတာတောင် နည်းနည်းလေးမှဂရုမစိုက်ဘူး … တစ်ချို့အလုပ်တွေက လူကိုယ်တိုင်လာရောက်ဖြေရှင်းမှရတာ … ကျွန်တော်အစားဖြေရှင်းပေးလို့မရဘူး … ဒါကြောင့်အလုပ်ကိုသွားအောင် သခင်လေးဖြောင့်ဖြပေးပါလား … နောက် ၁ ပတ်အတွင်းပြီးအောင်လုပ်ရမှာတွေရှိတယ် … ဒီကိုသွားလိုက်ပြန်လိုက်လုပ်နေဖို့ အချိန်မရှိတော့ဘူး "

အတွင်းရေးမှုးလဲအတော်လေးပင်ပန်းနေပုံပင် မျက်နှာကချောင်ကျနေပြီ ။ ဧကရာဇ်မောင်ဆိုတဲ့ အရင်ကအလုပ်ကြိုးစားတဲ့အလုပ်သရဲလိုလူက ဘယ်လိုဖြစ်ပြီး အလုပ်ကိုမသွားပဲ သူ့ထံ၌သာကပ်သွယ်နေလဲ မုဒြာမတွေးတတ်တော့ပေ ။

" ကျွန်တော်ကြိုးစားကြည့်လိုက်ပါ့မယ် … မနက်ဖြန်သူအိမ်တော်ကိုပြန်လာလိမ့်မယ် "

" ကျေးဇူးပါသခင်လေး … ကျွန်တော်အကူအညီတောင်းတယ်လို့မပြောပါနဲ့နော် … ဥက္ကဌကသိရင်ခွင့်လွှတ်မှာမဟုတ်ဘူး "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now