Chapter - 53

11.7K 504 98
                                    

ကလေးငယ်လေးရဲ့အော်ငိုသံက နားစည်ကွဲလုမတတ်ဆူညံလို့နေသည် ။  ကုကုလေးက သူ့ရဲ့ကစားစရာအရုပ်တွေနဲ့ ကလေးလေးကိုချော့မြှူနေပေမဲ့ ကလေးလေးက သူ့ဖခင်ကိုသာ တမ်းတမ်းတတအော်ခေါ်ကာ ငိုနေတော့သည် ။

" ပါပါး …  ပါပါး … အူးဝါး … အီးးး ဟီး ဟီး "

မုဒြာဈေးသွားနေ၍ အခန်းမှာ ဧကရာဇ်နဲ့ကုကုလေးသာကျန်နေခဲ့သည် ။ ကလေးကငိုလွန်း၍ ဧကရာဇ်လဲ ဆက်ကြည့်မနေနိုင်တော့ပဲ ကြမ်းပြင်ပေါ်မှာချထားတဲ့ကလေးငယ်ကို ပွေ့ချီလိုက်ကာ သူကစိတ်မရှည်စွာ ပြောလိုက်သည် ။

" မင်းကယောက်ျားလေးမဟုတ်ဘူးလား … ဘာလို့အာပြဲကြီးနဲ့အော်ငိုနေတာလဲ "

" အဟင့် … အူးဝါး "

ကလေးကပို၍တောင် အော်ငိုလာသည် ။ ထိုအခါ ကုကုလေးက ဧကရာဇ်လက်ကို လှမ်းဆွဲလာပြီး …

" ဦးဦး … ငယ်လေးကိုအော်ရဘူးလေ … ငယ်လေးက ဦးဦးကိုကြောက်နေပြီ "

" ဦးက မအော်ပါဘူးကွာ … သူကသာအော်ပြီးငိုနေတာ "

" ငယ်လေးက နို့နို့ဆာလိုထင်တယ် … သားပါပါးပြန်လာပြီလား ကြည့်လိုက်ဦးမယ် … ဦးဦးချော့ထားနော် "

" အေးပါကွာ "

ကုကုလေးက ပြတင်းပေါက်ဆီသွားပြီး သူ့ပါပါးပြန်လာပြီလာမျှော်ကြည့်နေသည် ။

ဧကရာဇ်တစ်ယောက်ကတော့ သားအရင်းဖြစ်သူကို မထိန်းရပဲ သူအမြင်ကပ်တဲ့လူရဲ့ ကလေးကိုမှ ထိန်းပေးနေရ၍ စိတ်ဆိုးမန်ဆိုးနဲ့ တစ်ယောက်ထည်းစကားတွေတတွတ်တွတ်ပြောနေသည် ။ ခနကြာတော့ မုဒြာပြန်ရောက်လာသည် ။ ငိုနေတဲ့ကလေးနဲ့ မျက်နှာကြီးမဲမှောင်နေတဲ့ ဧကရာဇ်ကိုမြင်တော့ အလောတကြီးပြေးဝင်လာကာ ကလေးကိုပွေ့ချီလိုက်သည် ။

" ကလေးက ဘာလို့ ဒီလောက်တောင်ငိုနေရတာလဲ "

" မသိဘူးလေ … သူငိုနေလို့လဲ ကိုယ်ကချီပေးထားရသေး ကိုယ့်လက်ပေါ်တောင် ရှူးပေါက်ချလိုက်သေးတယ် … ဒီအသေးလေးက ကိုယ့်ကိုတမင်တကာမကျေနပ်ချက်တွေနဲ့လုပ်နေသလားထင်ရတယ် "

ဧကရာဇ်က စိုနေတဲ့သူ့ရဲ့အင်္ကျီကိုညွှန်ပြနေသည် ။ မုဒြာက သူ့ကိုမကြည့်ပဲ ကလေးရဲ့ဘောင်းဘီကိုကြည့်ကာ စိုနေတာကိုမြင်တော့ အော်ပြောလာသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now