Chapter - 27

15.4K 870 54
                                    

မုဒြာနိုးထလာတော့ အမြင်အာရုံတွေက မှုန်ဝါးနေကာ မဲမှောင်သည့် အခန်းတစ်ခုအတွင်း ရောက်ရှိနေတာကို သိလိုက်သည် ။ သူ့ရဲ့လက် ၂ ဖက်ကလဲ နောက်ပြန်ကြိုးတုတ်ခံထားရသည် ။

သူပထမဆုံး စိတ်ပူမိတာက သူ့ရဲ့ဝမ်းဗိုက်ထဲက ရင်သွေးလေးကိုပင် ။ သူ့ကိုယ်က ထိခိုက်နာကျင်မှုရှိမနေပဲ ခေါင်းကိုက်ယုံမျှသာမို့ စိတ်အေးသွားရသည် ။  သူအနောက်ကနေ လိုက်လာခဲ့မိတာကို နောင်တရမိလာသည် ။

အရင်ကသူ့မှာ ဘာမှဆုံးရှုံးစရာမရှိ၍ ဧကရာဇ်မောင်တစ်ယောက်ထည်းကိုသာ ဖက်သွယ်နေမိခဲ့ပေမဲ့ ခုသူ့မှာသွယ်တာစရာ ရင်သွေးလေးရှိနေပြီ ။ သူ့ကိုလက်လွှတ်လိုက်ဖို့လဲ အဆင်သင့်ဖြစ်နေချိန်ကျမှ ခုလိုအမှားမျိုး လုပ်မိခဲ့၍နောင်တရနေမိသလို မိမိကိုယ်ကိုလဲစိတ်တိုမိသည် ။

ခုချိန်မှာတော့ ဒီနေရာကနေလွတ်မြောက်နိုင်အောင် ကြိုးစားဖို့က အရေးကြီးဆုံးဖြစ်နေ၍ မုဒြာကြိုးစားကာ ထထိုင်လိုက်ကာ အခန်းပတ်ပတ်လည်အား စူးစမ်းကြည့်လိုက်သည် ။ မှောင်မဲနေ၍ ဘယ်အရာကိုမှ သဲကွဲစွာမမြင်နိုင်ပေ ။ အနီးနားမှာ ဧကရာဇ်ရဲ့အငွေ့အသက်တွေ ရှိမနေပဲ ထူးဆန်းပြီးပြင်းပြသည့်အနံ့ဆိုးတွေသာရှိနေသည် ။ ထိုအနံ့တွေက အရိုင်းဆန်သည့် သားရဲရနံ့များပမာပင် ။

ထိုစဉ် အခန်းတံခါးပွင့်လာကာ ဝင်လာသည့်ခြေသံများကို ကြားလိုက်ရသည် ။ မုဒြာကြိုးစားကာ ကြည့်လိုက်ပေမဲ့ အလင်းရောင်မဲ့နေ၍ မသဲကွဲပေ ။ အသက်ကြီးကြီးလူတစ်ယောက်က ဦးဆောင်လျှက် လူအုပ်တစ်ခုက အခန်းထဲရောက်လာကာ မုဒြာအား ဝိုင်းဖွဲ့လိုက်သည် ။

အနံ့တွေက ထိုလူတွေထံကဖြစ်ပြီး သူတို့ရဲ့မျက်လုံးတွေက ရဲရဲနီနေကာ သားကောင်ကို စားသောက်တော့မည့်အလားကြည့်နေကြသည် ။ ထိုအခါ အသက်ကြီးပြီဖြစ်တဲ့ခေါင်းဆောင်က သူ့တပည့်တွေကို လက်ရမ်းပြကာ မုဒြာအနားကနေထွက်သွားဖို့အချက်ပြလိုက်သည် ။

ထိုလူတွေထွက်သွားတော့မှ လေထုကအနည်းငယ်သန့်ရှင်းသွားကာ မုဒြာအသက်ရှူချောင်သွားတော့သည် ။ ဒါပေမဲ့သူဟာစောင့်ကြည့်ခံနေရတဲ့အခြေအနေမှာ ရှိနေဆဲပင် ။ သူ့အရှေ့ကလူက ခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ကာထိုင်နေပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ ဖွာနေသည် ။  လေထုကအေးဆက်ကာ ရန်လိုနေသည့်အငွှေ့အသက်များကြောင့် မုဒြာဘာစကားတစ်ခွန်းမှ မဆိုရဲပေ ။ ဘယ်လိုပဲကြည့်ကြည့် သူဟာပြန်ပေးဆွဲခံထားရတယ်ဆိုတာ သိသာလှသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now