Chapter - 2

5.1K 418 32
                                    

Unicode
~~~~~~~~

တစ်ပတ်ခန့်အချိန်ယူကာ ပြင်ဆင်ပြီးတဲ့နောက်မှာ အဖိုးက ဧကရာဇ်မောင်အား ဥက္ကဌရာထူး လွှဲပြောင်းပေးအပ်လိုက်လေသည် ။ မောင်ကမပျော်ပေမဲ့ အိမ်မှာချုပ်နှောင်ခံထားရတာထက်စာရင် အလုပ်ကိုအာရုံစိုက်ပြီးနေတာက ပိုကောင်မည်ဟု တွေးလိုက်သည် ။

ပထမဆုံး ဥက္ကဌအသစ်ရဲ့ရုံတက်ပွဲနေ့၌ ထူးထူးခြားခြား မုဒြာဟာ အစောကြီးထကာ ပြင်ဆင်နေလေတော့သည် ။

" မောင်နဲ့ဒါလေးကလိုက်လောက်လား …

မောင်ကအရပ်ရှည်တော့ နတ်ပြာရောင်လေးနဲ့လိုက်မှာပဲ … 

နတ်ကတိုင်က အဆင်းကြားလေးကိုမှ ရင်ထိုးကစိန်စီထားတာလေးဆို အဆင်ပြေမယ် …

နာရီကရော အသစ်ထွက်တာကမရောက်သေးဘူးပဲ … အရေးကြီးပါတယ်ဆိုမှ ဟူး …

ဖိနပ်ကအနက်ရောင်လေးဆင်ပေးမယ် … မောင်ကတော့ အရမ်းခန့်ပြီး ချောနေတော့မှာ "

မုဒြာဟာ မောင့်အတွက် အရာအားလုံးကို သူကိုယ်တိုင်ဆင်မြန်းပေးရတာနှစ်သက်သည် ။ မောင့်ရဲ့ဝေရာဝတ်စအားလုံးကို အိမ်ဖော်တွေတစ်ယောက်မှမပြုလုပ်စေပဲ အဝတ်အစား အစားအသောက်နဲ့ အသုံးအဆောင်တွေအတွက် သူကိုယ်တိုင်ရွေးချယ်ပေးလေ့ရှိသည် ။ မောင့်အကြိုက်ကို သူအသိဆုံးပင် ။

" မင်း … ဒီမှာ ဘာလုပ်နေတာလဲ "

ရေချိုခန်းထဲကနေထွက်လာတဲ့မောင်က ခါးမှာအဖြူရောင်သပတ်ပတ်ထားပြီး အပေါ်ပိုင်းဗလာနဲ့  ကိုယ်ပေါ်မှာ ရေစက်များတွဲခိုလျှက်ရှိနေကာ တစ်ယောက်ထည်းစကားတွေပြောနေတဲ့ မုဒြာအား ရပ်ကြည့်နေသည် ။

မောင့်ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အလှကြောင့် မုဒြာပါးလေးတွေနီလာပြီး မောင့်ကို ဆွဲဖက်ထားချင်ပေမဲ့ မောင်ကမုဒြာနဲ့အလှမ်းဝေစွာရပ်နေသည် ။ အလုပ်မသွားခင် မောင်စိတ်ဆိုးမည်ဆိုးကာ မုဒြာသူ့စိတ်သူ ထိန်းချုပ်လိုက်ပြီး မောင့်အတွက်အဝတ်အစားတွေကို ကုတင်ပေါ်ချပေးလိုက်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now