Chapter - 3

3.7K 403 69
                                    

Unicode
~~~~~~~~

ကားကလမ်းဘေးကိုထိုးရပ်သွား၍ လူကိုထိခိုက်မှုမရှိပေမဲ့ မုဒြာအရမ်းလန့်သွားခဲ့သည် ။ မောင်ကမျက်လုံးတွေကိုပိတ်ထားပြီး အသိလွတ်သွားပုံပင် … မောင့်ရဲ့လက်တွေက ကားလက်ကိုင်ကိုတင်းတင်းဆုတ်ကိုင်လျှက် တုန်ရင်နေသည် ။

" မောင် "

မုဒြာသူ့ကိုယ်သူပင်ဂရုမစိုက်နိုင်ပဲ မောင်အား ရင်ခွင်ထဲ ပွေ့ဖက်လိုက်လေတော့သည် ။ ဘေးနားကကားတွေကလဲ ရပ်ပြီး ဆင်းမေးကြသည် ။ ၂ ယောက်လုံးက လန့်နေ၍ ဆေးရုံကားခေါ်ပေးကြသည် ။ မုဒြာဆေးရုံရောက်တော့မှ စိတ်အေးနိုင်တော့သည် ။

ဧကရာဇ်မောင်ကတော့ သန့်စင်ခန်းထဲကကိစ္စပြီးနောက် အားနည်းနေချိန် ခုလိုအထိတ်တလန့်နဲ့ကြုံရ၍ သတိလစ်သွားခြင်းဖြစ်သည် ။ မစိုးရိမ်ရပေမဲ့ ခုထိသတိပြန်မရလာသေးပေ ။

ဒီဆေးရုံက မုဒြာရဲ့မိသားစုဆရာဝင်ရဲ့ဆေးရုံဖြစ်သလို ဆရာဝန်ကြီးရဲ့သား ဒေါက်သာယံယံချန်သော်ဟာ မုဒြာရဲ့သူငယ်ချင်းလဲဖြစ်သည် ။ ဒါကြောင့် မုဒြာအပေါ်ထပ်သို့တက်လာကာ ဒေါက်တာနဲ့တွေ့ခွင့်တောင်းလိုက်တော့ ချက်ချင်းပဲ ဒေါက်တာက ဝင်ခွင့်ပြုလိုက်သည် ။

" မုဒြာ … ငါခုပဲမင်းရောက်နေတယ်ကြားလို့မင်းဆီလာမလို့ တုန်ကင်ယူထားတဲ့လူနာတွေကိုအမြန်ကြည့်ပေးနေတာ "

" ယံယံ အလျှင်လိုစရာမလိုပါဘူး … ငါဘာမှမဖြစ်ဘူး "

" ဟူး … ခုမှပဲ စိတ်အေးရတော့တယ် … ခနစောင့်နော် … ဒီလူနာပြီးရင် ပြီးပြီ "

ဆယ့်ငါးမိနစ်ခန့်ကြာတော့ ယံယံက လက်အိပ်ကိုချွတ်ကာ သန့်ရှင်းပြီးနောက် ထိုင်နေသည့် မုဒြာအနားရောက်လာခဲ့သည် ။ ယံယံက ဘီတာဖြစ်ပေမဲ့ သူအဓိကကုသမှုတာဝန်ယူထားတာဟာ ဟော်မုန်းနဲ့ပတ်သပ်သည့် ရောဂါအမျိုးမျိုးကိုပင် ။ သူကဘီတာမို့ ဟော်မုန်းတွေကို အနံ့ခံနိုင်ပေမဲ့ သူ့ကိုယ်က ဘာတုန့်ပြန်မှုမှမပေးပေ ။ သူကသာမာန်လူတစ်ယောက်ပင် ။ သို့ပေမဲ့ ကြွမ်းကျင်သည့်ဆရာဝန်တစ်ယောက်လဲဖြစ်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now