Chapter - 5

3.5K 348 53
                                    

Unicode
~~~~~~~~

ကသစ်က နိုင်ငံခြားမှာ ပညာသင်ပြီး အတွေ့အကြုံများစွာရှိသူပီပီသူမက အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်နိုင်ပြီး ဧကရာဇ်မောင်ကိုအများကြီးအကူအညီပေးကာ လုပ်ငန်းမှာလဲလွယ်ကူစေခဲ့သည် ။

လပိုင်းအတွင်းမှာပဲ မောင်နဲ့ကသစ်ရဲ့အခြေအနေကတိုးတက်ကာ အဆင်ပြေလာခဲ့သည် ။ လုပ်ငန်းနှင့်ပတ်သပ်သည့်  ပွဲတွေကိုလဲ ၂ ယောက်အတူတက်ရောက်ကြသည် ။

တစ်ချို့က ဧကရာဇ်မောင်ဟာ သူ့ရဲ့မိတ်ဖတ် သခင်လေးကုမုဒြာကို ချစ်လွန်းလို့ လူတွေရှေ့ထုတ်မပြနိုင်၍ အိမ်တော်မှာပဲဖွက်ထားသည်ဟု စနောက်ကာဆိုကြသည် ။ မောင်ကတော့ ဘာဖြေရှင်းချက်မှမပေးပေ ။

ပထမဆုံး ပရော့ဂျက်မှာပဲ မောင်က ကောင်းမွန်စွာ ဖြေရှင်းကာ ကုမ္ပဏီအတွက် အမြတ်အစွန်းတွေရခဲ့၍ အဖိုးက ကသစ်နဲ့မောင့်ကို ချီးကျူးတဲ့အနေနဲ့ ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ဖို့စီစဉ်ထားသည် ။

မုဒြာလဲ နေကောင်းလာပြီမို့ အရင်ကလို အိမ်တွင်းမအောင်းတော့ပဲ တစ်ဖက်ကနေ မောင်နဲ့ကသစ်ကိုစောင့်ကြည့်ကာ ကသစ်ရဲ့အကြောင်းတွေကို စုံစမ်းကြည့်သည် ။ သို့ပေမဲ့ ကသစ်ပန်းက အလွန်လျှို့ဝှက်လွန်း၍ မုဒြာအသိအကျမစုံစမ်းနိုင်ပဲ သူမကလူလွတ်ဖြစ်ပြီး ကနေဒါမှာကျောင်တက်ခဲ့ကြောင်းသာ သိခဲ့ရသည် ။

မောင်ကလဲ ကနေဒါကနေပြန်လာပြီးနောက် အချိုးတွေပြောင်းသွား၍ မောင်နဲ့ကသစ်ပန်း ထိုကတည်းက ဇာတ်လမ်းတွေရှိနေမှာကို မုဒြာစိုးရိမ်မိလာသည် ။

" မြေးလေး "

မုဒြာအတွေးလွန်နေခိုက် အဖိုးအသံကြားတော့မှ အသိဝင်လာခဲ့သည် ။ အဖိုးက ဥက္ကဌရာထူးကနေ အနားယူလိုက်ပေမဲ့ သူဝါသနာပါတဲ့ ဥယျာဉ်မှုဘဝဖြင့် နယ်လှည့်ခရီးထွက်နေတတ်သည် ။ ဒီနေ့က မောင့်အတွက် ဂုဏ်ပြုပွဲပြုလုပ်ပေးဖို့ အဖိုးအိမ်တော်သို့ ပြန်လာခြင်းဖြစ်သည် ။

မုဒြာလေးက အဖိုးကိုမြင်တော့ ငယ်ငယ်ကလိုပဲ အဖိုးထံပြေးသွားပြီး ရင်ခွင်ထဲတိုးဝင်ကာ ပွေ့ဖက်လိုက်လေတော့သည် ။ သူ့ဘဝမှာ အဖိုးကသာသူ့အပေါ်အမှန်တကယ်ချစ်ကာအလိုလိုက်ပေးသူပင် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now