Chapter - 4

3.6K 376 42
                                    

Unicode
~~~~~~~~

လရောင်နဲ့အတူပွင့်လန်းတဲ့ ကုမုဒြာပန်းခင်းကြီးအလယ်၌ ကလေးငယ်လေးဟာ အနက်ရောင်အမွေးပွခွေးလေးတစ်ကောက်ကိုပွေ့လျှက်ထိုင်နေသည် ။ လရောင်ကြောင့် ပန်းလေးတွေက လန်းဆန်းနေပြီး ရနံ့တွေသင်းနေပေမဲ့ လူသားကုမုဒြာလေးဟာ မပျော်ရွှင်ပေ ။ သူ့လက်ထဲမှာငြိမ်သက်စွာလဲလျှောင်းနေတဲ့ ခွေးလေးအားကြည့်ကာ ငေးမှိုင်နေသည် ။

အစေခံတွေက မုဒြာလေးလက်ထဲကခွေးလေးကို ခေါ်ယူချင်ပေမဲ့သခင်လေးငိုမည်ဆိုးကာ ရပ်ကြည့်ယုံသာတတ်နိုင်တော့သည် ။ ထိုစဉ် လူလတ်ပိုင်းအရွယ် ဦးလေးမြတ်က သခင်လေးထံချဉ်းကပ်သွားပြီး ချော့မြူလေတော့သည် ။

" သခင်လေးကုမုဒြာ … လုံးလုံးလေးက အိပ်ပျော်နေပြီဆိုတော့ ကျွန်တော့ကိုခေါ်သွားခွင့်ပြုပါ "

" ဟင့်အင် … လုံးလုံးကမုဒြာဆီကနေပြေးထွက်သွားလိမ့်မယ် "

" လုံးလုံးလေးက အိပ်ပျော်နေပြီပဲ … သူမပြေနိုင်ပါဘူးသခင်လေး "

ထိုအခါမှ အမွေးပွခွေးလေးကို မုဒြာ ဦးလေးမြတ်ထံပေးလိုက်သည် ။ ဒီခွေးလေးက မုဒြာလေး ၅ နှစ်ပြည့် ပထမဆုံးကျောင်းတက်ရက်၌ သခင်လေးကိုဂုဏ်ပြုတဲ့အနေနဲ့ ကုမုဒြာလေးရဲ့အမေ သခင်မနန်းမြတ်ကုဌေ ကိုယ်တိုင်ပေးခဲ့သည့်လက်ဆောင်လေးဖြစ်သည် ။

အဲ့ဒိနောက် သခင်မလေးဆုံးပါးသွားပြီး မုဒြာလေးဟာ ခွေးလေးကို မိခင်အဖြစ်အဖော်ပြုရင်းနေလာခဲ့သည် ။ ခုလုံးလုံးလေး ၂ နှစ်ပြည့်သည့်အချိန်၌ နာမကျန်းဖြစ်ကာဆုံးပါးသွားသည် ။

မုဒြာလေးက ဒါကိုမသိရှာပဲ လုံးလုံးရဲ့အလောင်းကို ပွေ့လျှက် နိုးထလာမည့်အချိန်ကိုစောင့်နေရှာသည် ။ သူချစ်ရတဲ့သူတွေနဲ့ ခွဲခွာရတဲ့ခံစားချက်က မုဒြာလို ၇ နှစ်အရွယ်သခင်လေးငယ်အတွက် အလွန်နာကျင်စရာကောင်းလှသည် ။

ဦးလေးမြတ်က ခွေးရဲ့အလောင်းကို အစောင့်တစ်ယောက်ထံပေးလိုက်ပြီး အမိန့်ပေးလိုက်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now