Parts 4

775 52 8
                                    

Unicode

Bright ကုတင်ပေါ်က ကောင်လေးကို ရေမိုးချိုးပေးကာ စောင်ပါးပါးလေးတစ်ထည်ခြုံပေးကာ အပြင်ထွက်သွားတယ်။နိုးလာရင် ဗိုက်ဆာတော့မယ့်ကောင်လေးကို ကိုယ်တိုင်ချက်ကျွေးချင်တယ်။စိတ်ဆိုး ကြိုက်သလောက်ဆိုးပါ မင်းကို ကာကွယ်နိုင်ပြီးမို့ ကျေနပ်တယ်။နာရီဝက်လောက်နေတော့ winနိုးလာတယ်။အခန်းထဲမှာ bright ရှိမနေဘူး။

"အာ့ နာလိုက်တာ"

Winနိုးတာနဲ ခုံပေါ်တင်ထားတဲ့ ဖုန်းကိုယူကာ နံပါတ်တစ်ခုကိုခေါ်လိုက်တယ်။ညတုန်းကမအိပ့်ပျော်သွားအောင်သတိရနေပေမဲ့မရ သတိထားနေရက်ကအိပ့်ပျော်သွားတယ်။win သူ့မျက်နှာကို တစ်မိနစ်လေးတောင်မမြင်ချင်တော့ဘူး။အမြန်ဆုံးထွက်သွားချင်မိတယ်။

"ကိုကို ကျွန့်တော်ကို လာခေါ်ပေးပါ အင့်! ခုလာခေါ်နော်"

ဖုန်းပြောပြီးတာနဲ အနွေးထည်အကျီတစ်ထည်ကောက်ဆွဲကာ အခန်းထဲက ဖြည်းဖြည်းချင်းထွက်လာလိုက်တယ်။လူက ယိုင်နဲ့ကာ ခွေလဲချင်နေပေမဲ့ ဒီအခန်းထဲမနေချင်တော့ဘူး မျက်လုံးမှိတ်လိုက်တာနဲ ညက ရုပ်ပျက်ဆင်းပျက်နဲရှက်စရာကောင်းတာတွေက ပြန်မြင်နေမိတယ်။ကိုယ့်ကိုကိုလဲ မထိချင်လောက်အောင်ရွံ့ရှာနေမိတယ်။

"အ့ နာလိုက်တာ"

လှေခါးတစ်ထစ်ဆင်းတိုင်း နာကျင်မူက အသဲခိုက်ရတယ်။အဆောင်ရှေ့ကိုကြည့်တော့ ကိုကို့ကားကို မြင်နေရပြီး။ရင်ဖွင့်စရာ P'lukeကလွဲလို့ တခြားသူမရှိပါ။ဖေဖေက ဒီအကြောင်းသိသွားရင်.... winခေါင်းထဲဝင်လာတဲ့အတွေးတွေကို ခေါင်းခါထုတ်ပလိုက်တယ်။ဖေဖေသိလို့မဖြစ်ဘူး။

"ကိုကို "

Winကိုတွေ့တာနဲကားပေါ်က ပြေးဆင်းကာ အနားရောက်လာတယ်။

"Win နေမကောင်းဘူးလား"

"မထိပါနဲ ကျွန်တော့်ကိုမထိပါနဲ"

နဖူးပေါ်တင်ထားတဲ့ လက်ကို ရှောင်ကာ နောက်ဆုတ်လိုက်တယ်။ဟုတ်တယ် ကိုကို....ကျွန်တော့်ကိုမထိနဲ.. ကျွန်တော်က...

"Win ကိုကို့ကို ကြည့်စမ်း"

Luke သူ့ကိုရှောင်နေတဲ့ ကောင်လေးရဲ့ ပုခုံးနှစ်ဖက်ကိုလှုပ်ကာမေးလိုက်တော့မှ မျက်ရည်လေးဝဲကာ မော့ကြည့်လာတယ်။

Love Thief (Completed) Where stories live. Discover now