"ပင်ပန်းတာကွာ အိပ့်ရအောင်လေ မိန်းမ"
"ဘာကို မိန်းမလဲ ငါ့အခန်းထဲထွက် အင့်! "
Brightက ကုတင်ပေါ်တက်လာတာမို့ winကမန်းကတန်းကုန်းထလိုက်တယ်။ဒါပေမဲ့ ခါးကနေပြန်ဆွဲချခံရကာ သူ့ရင်ခွင်ထဲ ရောက်သွားပြန်တယ်။
"ဘာလို့ အတင်းရုန်းနေတာလဲကွာ ချစ်လို့ဖက်ထားတာကို မချစ်ရင် ထိတောင်မထိဘူး သိဖို့"
တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ကာ ညှစ်ထားလိုက်တယ်။ဒီကိုယ်လုံးအိအိလေးကို ဘယ်လောက်လွမ်းနေရလဲ သိလား။မလွတ်တမ်းဖက်ကာ မျက်လုံးချင်းစုံကြည့်လိုက်တော့ ဝဲတက်လာတဲ့ မျက်လုံးသေးသေးလေးထဲက မျက်ရည်လေးတွေကြောင့် စိတ်မကောင်းဖြစ်ရပြန်တယ်။Brightဆက်ကြည့်နေတော့ မျက်နှာလေးမဲ့ကျလာတယ်။
"မချစ်နဲ ငါ.. မင်းကိုမချစ်ဘူး"
"အင်း ဟုတ်တယ် မင်း ငါကိုမချစ်ဘူး ငါပဲ မင်းကိုချစ်တာ အရမ်းချစ်တယ် သေအောင် ချစ်တာ "
ခေါင်လုံးလုံးလေးက ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်တော့ ငြိမ်နေတယ်။
"မချစ်နဲ"
"ချစ်မှာပဲ ခုနောက်ပိုင်းကစပြီး ငါက မင်းကို သဲသဲလှုပ်ချစ်တော့မှာ သိလား သူခိုးလေးရဲ့ "
"ငါ မင်းဆီက ဘာမှမခိုးဘူး"
ငါနှလုံးကို ခိုးသွားတယ်လေ လူဆိုးလေးရဲ့။ငါ့ရဲ့ရင်ခုန်သံတွေ စိတ်တွေကအစ မင်းဆီမှာကြီးပဲ။ဘယ်အရာပဲလုပ်လုပ် မင်းကိုပဲသတိရခဲ့ရတာ။ဘယ်လောက်တောင်လွမ်းနေရလဲသိလား ငါ့ကောင်လေးရဲ့။
"ဟုတ်လို့လား"
" လွှတ်ဆိုလွှတ်နော် ဒေါသထွက်လာပြီး "
သူ့ကြည့်တော့ ကိုယ့်ရင်ခွင်ထဲ ကိုယ်ထားသလိုနေနေရတာ ခုချိန်ထိ ရန်တွေ့ကောင်းနေတုန်း။သူ့အခန်းမဟုတ်တော့တာတောင် သတိမထားမိဘဲ ရန်ပဲတွေ့နေတာ။brightငုံ့ကြည့်လိုက်တော့ မျက်နှာတည်ကြီးနဲ လူကိုမော့ကြည့်နေတာ။ဒေါသထွက်နေပါတယ်ပေါ့ ရုပ်လေးက။
"ချစ်တာကွာ ဒီကောင်လေးကို ရွှတ်!"
ပါးပြင်အိအိလေးထဲ နှာခေါင်းနစ်ဝင်အောင် နမ်းလိုက်တော့ အတင်းရုန်းလာတယ်။