Unicode
"ပါးပါးရေ တောက်တောက် ဟိုဘက်က ကိုကိုနဲဆော့ချင်လို့"
တစ်ခြားအိမ်မှာ တစ်ယောက်တည်းလွတ်ပြီး ပေးဆော့ဖို့ဆိုတာ စိတ်မဖြောင့်တာကြောင့် တောက်တောက်ကို မလွတ်ပေ။သားက သွားချင်လို့ ခနခနပြောနေပေမဲ့ win မလွတ်ဘူး။သူများအိမ်မှာ မျောက်မူးလဲအောင် ဆော့နေမှ ထိန်းမနိုင် သိမ်းမရဖြစ်နေမှာ။
"Win သားက ဆော့ချင်နေတာကို ခန ကိုယ်လိုက်ပို့လိုက်မယ်လေ"
Bright ပြောလိုက်တော့ winက သားကိုတစ်ချက်ကြည့်တယ်။သားတောက်က မျက်နှာငယ်လေးနဲ winအနားကို ကပ်သွားတယ်။
"ပါးပါး လုပ်ပါ တောက်တောက် သွားချင်ယို့ပါ "
"အင်း ခနပဲနော် ဖေဖေနဲ ဆော့ပြီးတာနဲ ပြန်လိုက်ခဲ့ ကြားလား"
"ဝုတ် ပါးပါး ဟီး ပါးပါးကို ချစ်"
ဤသို့ဖြင့် သားနဲ bright ဘေးအိမ်သို့ ချီတက်သွားကြသည်။winလဲ bright အတွက် လုပ်စရာရှိတာမို့ အပေါ်ကိုတက်လာခဲ့လိုက်တယ်။
တစ်ဖက်ခြံဝ က သားအဖနှစ်ယောက်ကတော့
"ဖေဖေ "
"ဗျ"
"တောက်တောက် ချောလား"
"ဟမ် အင်း ချောတာပေါ့ "
"ချမက်ကော ကျရဲ့လား ကြည့်ပါအုံး"
သားက သူ့အကျီဖရိုဖရဲလေးကို သေချာပြန်လုပ်နေတယ်။ဂျင်းနက်ပြာ ဘောင်းဘီလေးကိုလဲ သေချာပြန်ဝတ်နေတယ်။အံမယ် သားက ပဲများနေတာ မသိရင် လူပျိုလှည့်မလိုလိုနဲမိန်းမ လာတောင်းနေတာကျနေတာပဲ။
"ဖေဖေယို့ "
"ပြောလေ သားတောက်"
"တောက်တောက် ချမက် ကျရဲ့လားလို့"
"ဘာကြီး"
"ချမက်ပါဆို ဖေဖေကလဲ "
"Smartကျရဲ့လား မေးနေတာ ဦးဦး"
Bright ငုံ့ကြည့်လိုက်တော့ ခြံတံခါးရှေ့မှာ ရပ်နေတဲ့ မင်းအနာဂဏ် ခေါ် futureလေး ။T shirt အကျီအဖြူလေးကို ဘောင်းဘီတော့ မဟုတ် စကပ်အရှည်လဲ မဟုတ်။အော် သိပြီး မြန်မာတွေဝတ်တဲ့ ပုဆိုးဆိုတာနေမယ်။