Parts 19

627 49 12
                                    

Unicode

.........5 months later..............

"Win ကိုယ်ပြောစရာရှိတယ်"

"တောက်တောက်လဲ ပြောစရာရှိတယ် ပါးပါး"

Winကို ခုံပေါ်ထိုင်ခိုင်းပြီး သားအဖနှစ်ယောက်လုံးအောက်မှာ ဒူးထောက်နေတယ်။ဒီသားအဖ ဘာ ပြသနာရှာလာပြန်ပြီးလဲမသိဘူး။သားကလဲ အဖေ မျက်နှာ တစ်ကြည့်ကြည့် brightကလဲ သားမျက်နှာတစ်ကြည့်ကြည့်နဲ

"ပြော ဘာပြောမို့လဲ"

"လိမ်ခဲ့မိလို့ တောင်းပန်ပါတယ် Win"

"တောက်တောက်လဲ ဖေဖေလိမ်နေတာကို ဖုံးပေးမိလို့ တောင်းပန်ပါတယ် ပါးပါး"

နှစ်ယောက်လုံး ခေါင်းကျိုးမတက်ငုံ့ကာ ပြောနေတယ်။ဘာကို လိမ်လို့ ဘာတွေ တောင်းပန်နေကြတာလဲ။

"ဘာကိုလဲ ရှင်းရှင်းပြောနော် သားအဖနှစ်ယောက်လုံး ကြက်မွေးစာမိချင်နေတာလား''

ထိုအခါ ကျောလေးကော့ကာ ခေါင်းမော့လာတဲ့ သားအဖနှစ်ယောက်။အေး ညီနေတာပဲ ဘယ်တဲက တိုက်ထားလဲမသိဘူး။ ယိမ်းအဖွဲ့တွေတောင် သူတို့လောက်ညီမယ်မထင်ဘူး။

"ကိုယ် သွေးမလိုတော့ဘူး win ကိုယ်နေကောင်းသွားပြီး"

"ဟမ် ဘာလို့လဲ "

Winထိုင်နေရာမှ ထလာကာ brightဘေးနားရောက်လာတယ်။မျက်နှာကို သူ့လက်နှစ်ဖက်နဲ သေချာကိုင်ကြည့်နေတယ်။အရောင်လေးလက်ကာ brightမျက်နှာကို ဂရုတစိုက်ကြည့်နေတဲ့ win။

"ဟိုဟာလေ သိလား ဟိုဒင်းကလေ"

"ပါးပါး စိတ်ချော့နော် "

တောက်တောက်ကပါ ဝင်ထောက်နေသေးတယ်။နေကောင်းသွားတာကို winက ဘာအတွက် စိတ်ဆိုးရမှာလဲ ပျော်ရမှာလေ တူတူအကြာကြီးထက်နေရတော့မှာမို့ စိတ်ထဲ ကြည်နူးနေမိတယ်။ကိုယ်ကြိုးစားထားတာတွေ အရာထင်လာတာမို့ winပျော်မိတယ်။

"ပြောလေ bright "

"ကိုယ်ကလေ သားဆီကို အစွမ်းတွေ အကုန်လွဲထားတာသိတယ်နော်"

"အင်းလေ သိတယ်"

"အဲ့တော့လေ ကိုယ့်ဆီမှာ အစွမ်းတွေမရှိတော့ဘူး အဲလိုဖြစ်သွားတယ်ပေါ့နော်"

Love Thief (Completed) Where stories live. Discover now