Parts 8

715 54 25
                                    

Unicode

Winဒီနေ့ အခန်းပြင်ထွက်ခွင့်ရတယ်။အိမ်ထဲမှာနေချင်တဲ့နေရာနေတဲ့လေ။ ခြံပြင်တော့ မထွက်ရဘူး။ဇာတ်ကားထိုင်ကြည့်ရင် ဖုန်းကဝင်လာတယ်။ကြည့်လိုက်တော့ ကို့ကို့ဆီက

"Hello "

"Win အဆင်ပြေရဲ့လား ဖေဖေက ခုကိုယ့်ဆီလာလည်မလို့တဲ့ winကိုလဲ တွေ့ချင်လို့တဲ့"

"ဟုတ်လား.win လာတွေ့လို့အဆင်မပြေလောက်ဘူး ကိုကို winပုံကို ဖေဖေတွေ့ရင်... "

စကားပြောရင်နဲ winဗိုက်ကို ခပ်ဖွဖွလေးကိုင်မိတယ်။ဖေဖေသာသိရင် သတ်မလားပဲ။

"အဲဆို ကိုကို အဆင်ပြေအောင် ပြောပေးထားမယ် winလဲဖုန်းဆက်ပြီး ပြောလိုက်အုံးနော်"

"ဟုတ် ဖုန်းဆက်လိုက်မယ်နော်"

"ဟုတ်ပြီး winတစ်ခုခုဆို ဖုန်းဆက်နော် စိတ်ချမယ်"

"ဟုတ် အဲဆို ဒါပဲနော်"

Bright ဖုန်းပြောနေတဲ့ ကောင်လေးကို ကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိ။ခုက winအိမ်ထဲမှာနေမှပဲ အဆင်ပြေမှာ ထွက်တာနဲ နတ်ဆိုးနတ်ဆိုးတွေနဲတိုးမှာ... ဒါပေမဲ့ win အဆောင်ဆွဲဲကြိုးလေး ဆွဲထားရင်တော့ နတ်ဆိုးတွေ မရှာနိုင် မမြင်နိုင်တော့ဘူး ငါအပါအဝင်ပေါ့။မခွဲနိုင်ဘူး မင်းအနားမှာမှ မင်းအသံမှ မကြားရရင် မနေနိုင်အောင်လွမ်းတယ်။ငါ အရမ်းအတ္တကြီးမိနေပြီးထင်တယ်။

"ဟင့်! ရွတ်!"

"Win ကိုယ့်ကိုကြည့်ပါအုံး"

Brightဘေးနား ဝင်ထိုင်ကာ ခေါင်းငုံကျကာ ငိုနေတဲ့ ကောင်လေးရဲ့ မျက်နှာဘေးကိုမော့စေလိုက်တယ်။brightဆွဲမ'လိုက်တဲ့အတိုင်း မျက်နှာလေးပါလာတယ် ထိုနောက် ရင်ခွင်ထဲတိုးဝင်ကာ သူ့လက်လေးတွေက ခါးကိုကျစ်နေအောင်ဖက်ထားပြန်တယ်။

"Bright ငါ့ အင့်! ဖေဖေနဲတွေ့ချင်တယ် လွမ်းတယ် ဟင့်!"

"မငိုနဲတော့နော် နောက်အဆင်ပြေရင် လိုက်ပို့ပေးမယ်လေ နော် မျက်လုံးတွေရဲနေပြီးကွာ တိတ်တော့နော် "

"ဟင့် အီးးး ဖေဖေငါ့အကြောင့်ကိုသိရင် မုန်းသွားမလားမသိဘူး အီးးးး "

Love Thief (Completed) Where stories live. Discover now