Parts 10

722 50 6
                                    

Unicode

~~~~~~~~~ 1year later~~~~~~~~~

Win ဒီနေ့ အိမ်မက်မကောင်းပါ။ညက အိမ်မက်ထဲ နေနှစ်စင်းက winဆီကို အပြိုင်ဝင်လာတာတဲ့။ဒါပေမဲ့ ထူးဆန်းတာက ပူမနေပဲ ဘာမှမခံစားရဘူးဖြစ်နေတယ်။အိမ်မက်ထဲမို့သာ အေးတာ အပြင်မှာဆို ပြာကျ​winပြာကျလောက်တယ်။

"အင်း ဘာမှမရှိဘူးပဲ သွားဝယ်ရအုံးမယ်"

Win သောက်နေကျ ဆေးလိပ့်ကိုမီးညှိ့ကာ အိမ်ပြင်ထွက်လာလိုက်တယ်။ခုမှနေလို့ကောင်းသွားတယ် လန်းဆန်းသွားတာပဲ။အကျောတွေဆန့်ကာ လေကို တစ်ဝကြီးရူလိုက်တယ်။ထိုနောက် ခြံတံခါးဖွင့်လိုက်တယ်။

"ယေ့ ယေ့ ပါးပါးထွက်လာပြီး ယေ့"

ကလေးတစ်ယောက် လုံးလုံးဖောင်းဖောင်းလေး ပူပေါင်း အဖြူလေးလွင့်လာသလိုပဲ။winခြေထောက်ကတစ်ဆင့် ကိုယ်ပေါ်ကုတ်တက်နေတာမို့ မရည်ရွယ်ပဲ လက်ပေါ်ရောက်တောင် ဆွဲတင်လိုက်တယ်။ဘာလေးလဲ ဒီဟာလေးက။

"အ့ ပါးပါး တောက်တောက်ဖင်ပူ ဖင်ပူ"

" ဟမ် ဖင်ပူ အော် အင်း အင်း"

Win သောက်လက်စ ဆေးလိပ့်မီးစက ကလေးဖင်ကို သွားထိုးမိနေတာ။ဆေးလိပ့်ကို ပစ်ချကာ ခြေထောက်နဲနင်းချေလိုက်တယ်။ခေါင်းငုံကာ ဆေးလိပ့်မီးကိုချေနေတုန်း မျက်စိရှေ့ရောက်လာတဲ့ ​ခြေထောက်တစ်စုံ မုန်းလွန်းလို့ မေ့မရတဲ့ လူရဲ့ခြေထောက်မို....ဘယ်တော့မှပြန်မမြင်ရတော့ဘူးထင်နေခဲ့တာ...ဘာလဲ လမ်းမှားပြီးပြန်ရောက်လာတာလား။

"Win"

"အော် အင်း brightပဲ ဘာလာလုပ်တာလဲ ဒီနားမှာ အသိရှိလို့လား"

ခပ်ပြုံးပြုံးပြောလိုက်တဲ့ winကြောင့် brightရင်တွေကွဲမတက်။ထင်ထားတာက Bright ကိုတွေ့တာနဲ စိတ်ဆိုးဒေါသထွက်မယ်ထင်ထားတာ။ခုတော့ တည်ငြိမ်နေတဲ့ ကောင်လေးရဲ့အပြုံးကြောင့် ပိုရင်ပူလာတယ်။ငြိမ်နေတာအကောင်းမဟုတ်ဘူးဆိုတာသိနေတယ်။မင်းကို ကလေးမွေးပြီးပြီးချင်း ထားခဲ့လို့ စိတ်မဆိုးဘူးလား...ဘာလို့ထားခဲ့တာလဲ ဆိုတာကောမမေးတော့ဘူးလား။ပြီးတော့ ဒီကလေးကကော ဘယ်သူလဲမမေးတော့ဘူးလား။

Love Thief (Completed) Where stories live. Discover now