Parts 14

631 54 22
                                    

Unicode

"ပါးပါးရေ အပြင်သွားအုံးမလို့လား ဟင်"

Win လဲ မသွားချင်ပါ။ဒါပေမဲ့ ဟိုကောင် ကျက်သတုံးကို တစ်နေ့တစ်နေ့မြင်နေရတာ ။သူများအိမ်ပေါ်တက်နေပြီး လူကိုမြင်တာနဲ တရှောင်ရှောင်နဲ။ညဆိုလဲ အရင်ကလို တူတူလာမအိပ့်ဘူး ဘယ်သချိုင်းမှာ သွားအိပ့်နေလဲမသိဘူး။

"ပါးပါးက သားအတွက်မုန့်ဝယ်ပေးမလို့"

"တောက်တောက် မုန့်မစားဘူး ပါးပါးပဲ အပြင်မသွားပါနဲ​နော်
တောက်တောက်က လွမ်းလို့ပါ"

Winခြေထောက်ကိုပြေး ဖက်ကာ ပြောတဲ့သားကြောင့် အပြင်သွားမဲ့ စိတ်တွေပျောက်ကုန်တယ်။သားကိုကောက်ချီကာ အိမ်ထဲ ပြန်ဝင်ရပြန်တယ်။အရင်ကဆို winအပြင်သွားရင် လိုက်ဆွဲနေတဲ့သူက လိုက်မပြောနဲ့အပြင် ထမင်းတောင်ခေါ်မကျွေးတော့ဘူး။လူယုတ်မာကောင် မင်း မကျွေးလဲ ငါဟာငါစားမှာ။ Tvထိုင်ကြည့်နေတဲ့ brightကို မျက်စောင်းထိုးကာ သူ့ဘေးဝင်ထိုင်လိုက်တယ်။

"တောက်တောက် ဖေဖေ သွားအိပ့်အုံးမယ်နော်"

Winထိုင်တာနဲ သူက ထသွားတယ်။ဘာသဘောလဲ သူကို ဆူးလေးထိုးမိအောင် လုပ်မိထဲက လူကို အဖက်မလုပ်တော့တာ။သူ့အလှည့်ကျ နာတက်တယ် winတမြင် ရည်ရွယ်တာမှ မဟုတ်ပဲကို။သူကျတော့ ခနခန နာအောင်လုပ်ပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင်။

"ပါးပါး"

"ပါးပါးရေ တောက်တောက်ခေါ်နေတယ်"

Sofaပေါ်ကနေ သားက winကို မော့ကြည့်ကာ နှုတ်ခမ်းဆူနေတယ်။တကယ်ပါ သားခေါ်တာ လုံးဝမကြားလိုက်မိဘူး။

"ဟင် သား ခေါ်လား"

"ကြာပေါ့ ပါးပါး ဟွန့်!"

"ပြောပါအုံး ပါးပါးက ဘာလုပ်ပေးရမလဲ"

"ဂျယ်ဂျယ် စားချင်လို့ တစ်ထုပဲလေးနော် ပါးပါး"

Winလက်ကိုကိုင်ကာ လှုပ်ရမ်းပြီးပြောနေတဲ့ သားတောက်။စားချင်တာရှိရင် လုပ်တက်တယ် မျက်နှာလေးကိုက။ပါးဖောင်ဖောင်းနှစ်ဖက်ကို ညစ်လိုက်တော့ ဟီးကနဲ ရယ်ပြတယ်။

"တစ်ခုပဲနော် "

"ဟုတ် ပါးပါး မွ!"

Winထယူပေးကာ သားလက်ထဲကို ထည့်ပေးလိုက်တော့ ခေါင်းလေးတစ်လှုပ်လှုပ်နဲ စားနေတယ်။အစားအသောက်အရမ်းမက်တဲ့ တောက်တောက်။ဒါနဲ ဟိုကောင် အပေါ်မှာ ဘာတက်လုပ်နေတာလဲ။

Love Thief (Completed) Where stories live. Discover now