Parts 13

624 45 12
                                    

Unicode

"အင့်!"

Win မနက်အစောကြီး နိုးပေမဲ့ သားအဖနှစ်ယောက်လုံးက မနိုးသေးတာကြောင့် winမလှုပ်ရဲ။​သေချာ​ကြည့်မှ သားမျက်တောင်လေးက လှုပ်စိစိလေးဖြစ်နေတယ်။ဒီကလေးနိုးနေတာလား။

"သားတောက်လေး နိုးနေတာလား"

" ဟုတ်ဝူး တောက်တောက် အိပ့်နေတာ ပါးပါး"

နှုတ်ခမ်းရဲရဲလေးက ဆူတက်ကာပြောပြီး မျက်လုံးတွေကို အတင်းမှိတ်နေတယ်။မျက်​တောင်​လေး​တွေက တဖျက်ဖျက်ခက်ရင်း ခြေထောက်ဖောင်း​ဖောင်း​လေးတွေကလဲ လှုပ်နေသေးတယ်။
ညကတော့ ဒီကလေး အိပ့်ပါတယ်နော်။

"အမ်!"

"သားနိုးရင်ထလေ ပါးပါးနဲ မျက်နှာသစ်မယ်"

"ပါးပါးက တောက်တောက် အိပ့်ရာကနိုးရင် ဖဖက်ထားတော့ဘူး ဟင့်! အင့်!"

မျက်လုံးသေးသေးလေးက ပွင့်လာတယ်။မျက်တောင်ရှည်ကြီးတွေမှာ မျက်ရည်ဥတွေတွဲခိုနေတယ်။ပါးပြင်လေးက ချက်ချင်းရဲတက်လာကာ မျက်နှာလေးကမဲ့လာတယ်။ကြည့် ချက်ချင်းကြီးထငိုတယ်။

"ငိုရဘူးနော် ပါးပါးဖက်ထားမယ် ခုတော့ မျက်နှာသစ်မယ်နော်"

"ဟင့်! တကယ်​​နော် ပါး ဟုတ်"

Win သားကိုချီကာ ထမယ်လုပ်​တော့ အကျီစကိုဆွဲထားတဲ့ Bright။ညက လာမဖက်နဲပြောတော့ မဖက်ထားရင် မင်းပျောက်သွားမှာကြောက်လို့ အကျီစလေးတော့ ကိုင်ထားမယ်နော်တဲ့။
Brightလက်ကို ဖြည်းဖြည်းချင်းဖယ်ချကာ သားကိုချီရင် ကုတင်ပေါ်ကဆင်းလာလိုက်တယ်။ထိုနောက် winကုတင်ပေါ်မှာ တရူရူနဲ အိပ့်နေတဲ့ brightကိုလှမ်းကြည့်ပြီး winပြုံးလိုက်မိတယ်။ဟင့်အင်း မင်းကိုငါမုန်းနေတာ ငါ မင်းကိုမချစ်ဘူး ။

>>>>>>>>>>>>>>>>

"ငါအပြင်သွားမလို့"

သားနဲbrightက အိမ်ခြံထိုင်နေတာမို့ winအပြင်သွားခံနီးပြောလိုက်တာဖြစ်သည်။ခွင့်​တောင်းတဲ့ပုံမဟုတ်ဘဲ brightကို မကောင်းတက်လို့ပြောပြီး ခြံပြင်ကိုထွက်မလို့လှမ်းနေတယ်။
​သားကတော့ ဗွက်တွေနဲအဆော့ကောင်းကာ winလာတာကိုတောင်မသိပေ။

Love Thief (Completed) Where stories live. Discover now