Unicode
"Bright ငါမနက်စာပြင်ထားတယ် စားရအောင် "
Win အိပ့်နေသူကို လှုပ်နိုးလိုက်တယ်။အချိန်အားဖြင့် ၁၀နာရီရှိနေပြီး အရမ်းအိပ့်နေရင် ခေါင်းကိုက်မှာဆိုးတာကြောင့် နိုးရခြင်းဖြစ်သည်။
"အင်း ထမယ် အာဘွားလေးမပေးချင်ဘူးလား "
Bright နှုတ်ခမ်းဆူထော်ပေးလိုက်တော့ winက သူ့ကို ပြုံးပြီး ငုံ့ကြည့်တယ်။အစာကြီးထပြီး မနက်စာ ထချက်ထားပုံရတယ်။ဘာမှမလိမ်းချယ်ထားတဲ့ မျက်နှာလှလှလေးက ကြည်လင်နေတယ်။နှုတ်ခေါင်းချွန်ချွန်လေးနဲ နှုတ်ခမ်းဖူးဖူးလေးက နမ်းမဝနိုင်တဲ့ အစိတ်အပိုင်းလေးတွေ။မနက်မိုးလင်းတိုင်း ချစ်ရသူမျက်နှာလေးကို မြင်ရတာ bright အတွက် ကံကောင်းခြင်းပဲ။ဒါပေမဲ့ ဒီမျက်နှာလေးကို သူ ဘယ်လောက်အချိန်ထိ မြင်နိုင်ရအုံးမလဲမသိဘူး။
"ပြွတ်! အတွေးလွန်မနေနဲ ထ"
Brightမျက်နှာက ပထမက ပြုံးနေပေမဲ့ နောက်တော့ တစ်ဖြည်းဖြည်း မျက်နှာညိုးသွားတာကြောင့် winသိလိုက်တယ် ညတုန်းက အကြောင်းကို ပြန်တွေးမိသွားတာနေမယ်။စိတ်ချ bright မင်းကို ငါကျန်းကျန်းမာမာနဲ အသက်ရှည်ရှည်နေနိုင်အောင် ကြိုးစားမှာမို့။
"ထပြီးဗျာ"
"winအောက်က စောင့်နေမယ် မြန်မြန်လာနော်"
"အင်း ကိုယ် မြန်မြန်ဆင်းလာခဲ့မယ်"
Winအောက်ကို ပြန်ဆင်းကာ brightအတွက် ပန်းသီးစိပ်ပေးလိုက်တယ်။ထိုနောက် စပျစ်သီးကိုလဲ အေးဆေးကာ ပန်ကန်ထဲထည့်လိုက်တယ်။ထမင်းကြော်ကတော့ ခုမှ အိုးထဲက ချမှာမို့ ပူပူလေးနဲ brightစားကောင်းမှာ သေချာတယ်။
"လာပြီးပါပြီးဗျ"
"လာပြီးလား အ့!"
Win ရုတ်တရက်လှည့်လိုက်တာမို့ ခုနက ဘေစင်မှာ တင်ထားတဲ့ ဓားနဲ ခြစ်မိသွားတယ်။သွေးထွက်လွယ်သူမို့ နည်းနည်းလေးထိတာတောင် သွေးက ထွက်လာတာမနည်း။
"ကျစ်! ပြစမ်း"
"Bright နာတယ်"
Brightသွေးထွက်နေတဲ့ လက်သေးသေးလေးကိုယူကာ
ပါးစပ်ထဲငုံကာ သွေးစတွေကို စုပ်ယူလိုက်တယ်။ ထိုအချိန် winပြုံးလိုက်တာကိုတော့ brightသတိမထားမိလိုက်ပေ။သွေးကို တိတ်တောင်မတိတ်ချင်တော့ဘူး။