Unicode
~~~~~~~~~4years later~~~~~~~~~~
"ဖေဖေရေ......"
သားအသံစူးစူးကြောင့် bright မနက်ခင်းတိုင်းက နိုးစက်မလိုခဲ့။သူနိုးတာနဲ အော်နိုးတော့တာပဲ။နားပိတ်လဲမရ ဘေးနားထိုင်အော်နေတာ။
"သားတောက်"
Brightမျက်လုံးဖွင့်ကာ ကြည့်လိုက်တော့ ဘေးနားမှာ ငုတ်တုတ်လေးထိုင်နေတဲ့ သားက ရယ်ပြတယ်။ရယ်လိုက်တိုင်းပေါ်လာတဲ့ ယုန်သွားလေးနှစ်ချောင်းက သူ့ပါးပါးဆီက ရထားတာနေမယ်။
"ဂျာ ဖေဖေ"
"ဖေဖေ အိပ့်ချင်သေးတယ်ကွာ သားလဲပြန်အိပ့်ပါလား"
"ရဝူး ဗိုက်ဆာတယ်"
သူဗိုက်ပူပူလေး လန်ပြကာပြောတဲ့ သားကြောင့် brightပြုံးမိတယ်။အစားပုတ်လေး မိုးလင်းတာနဲ ဆာတော့တာပဲ။အဲ့တာလဲ သူ ပါးပါးနဲတူလို့ အစားပုတ်တာ။
"အားဝါး ပေးဦး ဖေဖေ့ကို''.
"ရွှတ်! ဖေဖေကိုချစ် ပါးပါးကိုပိုချစ် ဟီး"
"သားတောက်နော် ပါးပါးကို ပိုချစ်တယ်ပေါ့လေ အပြင်မှာဖြင့်မမြင်ရသေးပဲနဲ"
"ဟီး နည်းနည်းလေးပိုချစ်တာပါ"
လက်ညိုးသေးသေးလေးထောင်ကာ ရယ်ပြရင် ပြောတဲ့ သားသားရဲ့ အပြုံးချိုချိုလေးကြောင့် သားရဲ့ ပါးပါးမျက်နှာလေးကိုမြင်ယောင်လာတယ်။လွမ်းလှပြီ.....
မင်းဘာတွေ လုပ်နေမလဲwin......"ဟုတ်ပါပြီဗျာ ကဲ ဖေဖေ မနက်စာ လုပ်ပေးမယ်နော်"
"ဟုတ် ဖေဖေ"
>>>>>>>>>>>>>>>
"ကျစ်! နာတာကွာ "
ပါးပြင်ကိုထိလိုက်တာနဲ နာလာတဲ့ဒဏ်ရာကို လစ်လျူရူကာ ကုတင်အောက်ကျနေတဲ့ ခပ်နွမ်းနွမ်း ကျောပိုးအိတ်ကိုကောက်လွယ်ကာ အပြင်သွားဖို့ရွယ်လိုက်တယ်။ပြီးမှ ခပ်ညစ်ညစ်ဖြစ်နေတဲ့ ကိုယ်ရုပ်ကို မှန်ထဲမြင်ပြီးမှ ရေချိုးမှ အဆင်ပြေတော့မှာမို့ ခုနက လွယ်ထားတဲ့ လွယ်အိတ်ကိုပြန်ပစ်ကျကာ ကြမ်းပြင်မှာရှုတ်ပွနေတဲ့ ဆေးလိပ်ဗူးနဲ bearဗူးတစ်ချို့ကို ကန်ထုတ်ကာ ရေချိုးခန်းထဲဝင်လိုက်တယ်။