Chapter-7

13.5K 847 94
                                    

Unicode
~~~~~~~

မှောင်နေတဲ့အခန်းတစ်ခုထဲမှာ ဧကရာဇ်မောင်ချုပ်နှောင်ခံထားရပြီး ကိုယ်ပေါ်ကဒါဏ်ရာတွေက တစ်စစ်စစ်နာကျင်နေသည် ။ သူ့ကိုဘယ်သူမှမလိုအပ်တော့လို့ ချောင်ထဲမှာပြစ်ထားခံလိုက်ရသလိုပင် ။

" ကျွန်တော့ကိုကယ်ပါ "

ဧကရာဇ်မောင်ငိုကာအကူအညီတောင်းနေပေမဲ့ ဘယ်သူမှပေါ်မလာခဲ့ပေ ။ အချိန်အကြာကြီး ကြောက်ရွံ့စွာ အမှောင်ထဲမှာ နေနေခဲ့ရ၍ မေ့မြောသွားလေသည် ။

ဧကရာဇ်နိုးထလာတော့ အဖြူရောင်လိုက်ကာတွေကာစီးထားတဲ့ ဆေးရုံခန်းတစ်ခုအတွင်းရောက်နေခဲ့သည် ။ ဧကရာဇ်ရဲ့လက်တွေကို တင်းကြပ်စွာဆုတ်ကိုင်ထားလျှက် ဧကရာဇ်ရဲ့အမေက အနားမှာရှိနေပြီး ဝမ်းနည်းတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည် ။

" မေမေတောင်းပန်ပါတယ်သားလေးရယ် … တကယ်တော့လေ သားလေးကိုမေမေပြန်ခေါ်ချင်ပေမဲ့ သခင်ကြီးကမေမေ့ကို ဖိအားတွေပေးနေတယ် … သားလေးသာ သခင်လေးအနားမှာမရှိရင် မေမေတို့လုပ်ငန်းအခက်တွေ့ရမှာ "

" သားအဲ့ဒိနေရာကို ပြန်မသွားချင်ဘူး "

" သွားလိုက်ပါသားလေးရယ် … မဟုတ်ရင် မေမေတို့ ဒုက္ခရောက်ရမှာ "

ဧကရာဇ်မောင်မျက်ဝန်းထဲကမျက်ရည်တွေစီးကျလာသည် ။ သူနာကျင်တာထက် မိခင်နာကျင်မှာကိုပိုကြောက်မိ၍ပင် ။  မောင်ငယ်ငယ်ကအမြဲအမှောင်ခန်းထဲမှာအပိတ်ခံထားရရ၍အလွန်ပိန်လှီကာ အမြဲဖြားနာတတ်သည် ။ မောင်နိုးထလာတိုင်း မေမေကငိုယိုပြီး မောင်အားအဖော်ပြုပေးသည် ။ ဒါကြောင့်မောင့်ဘဝမှာ မောင့်အပေါ်အကောင်းဆုံးလူက မောင့်မေမေတစ်ယောက်သာရှိခဲ့သည် ။

မောင် မုဒြာအိမ်ရောက်သွားပြီးနောက် မောင့်မိသားစုအတွက်ပိုပြီးခက်ခဲလာတော့သည် ။ မောင်တို့လိုသေးငယ်တဲ့လက်အောက်ခံလုပ်ငန်းရှင်ကို အင်အားကြီးအဖွဲ့အစည်းရဲ့ဥက္ကဌက ဖိနှိပ်ချုပ်ချယ်ကာ အမိန်ကိုနာခံအောင်ဖိအားပေးလာသည် ။ မေမေကအဆင်မပြေတာရှိလာတိုင်း မောင့်ဆီလာပြီးငိုယိုကာရင်ဖွင့်လေ့ရှိသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now