Chapter - 8

13K 879 115
                                    

" သခင်လေးတစ်ယောက်ထည်းအဆင်ပြေရဲ့လား … ဘာကြောင့်အိမ်အကူတွေကိုခေါ်မသွားတာလဲ "

" အဆင်ပြေပါတယ် … မောင့်အခန်းကကျည်းပြီးရှုတ်ပွေနေပေမဲ့ ခုသန့်ရှင်းလိုက်တော့ လှသွားပြီ … အဝတ်တွေလဲအားလုံးလျှော်ပြီးပြီ … မောင်ပြန်မလာခင်ညနေစာ ချက်ဖို့ပြင်ရမယ် "

ကုမုဒြာက တစ်ပတ်လုံးအိမ်ပြန်မလာတဲ့မောင့်ကို သူကိုယ်တိုင်ရှာပြီး လာတွေ့ခြင်းဖြစ်သည် ။ ဧကရာဇ်မောင်ဟာ ရုံးချုပ်နဲ့အလှမ်းမဝေးတဲ့နေရာက ဟော်တည်တစ်ခုမှာ VIP ခန်းငှားနေနေခြင်းဖြစ်သည် ။ မုဒြာအတွက် ဧကရာဇ်မောင်နေရာကို ခြေရာခံဖို့ကမခက်ပေ ။ ထိုဟော်တည်ပိုင်ရှင်က မုဒြာအသိထဲကဖြစ်သလို မိဒြာလိုသခင်လေးတစ်ယောက်အတွက် လွယ်လွယ်ကူကူဝင်လာနိုင်သည် ။

မောင့်မရှိတုန်း မောင့်ရဲ့အခန်းကိုသန့်ရှင်းပြီး မောင့်အတွက်ညနေစာချက်ပြုတ်ကာ မောင့်အားစပရိုက်လုပ်ဖို့ မုဒြာတွေးထားသည် ။ မောင်ကသူကြိုက်တဲ့အစားအစာတွေကိုမြင်ရင် ပြုံးပျော်နေတတ်သည် ။ ရက်တွေလဲကြာပြီမို့ မောင်မုဒြာအပေါ် စိတ်မဆိုးတော့လောက်ဘူးဟု တွေးထားသည် ။

ဦးလေးမြတ်နဲ့ဖုန်းပြောပြီးနောက် မုဒြာဟင်းချက်ဖို့ပြင်တော့သည် ။ မုဒြာရဲ့တားစီးမှုတွေက မောင့်အမြင်မှာချုပ်ချယ်သလိုဖြစ်နေ၍ ဒီတစ်ခါမောင့်စိတ်ကြိုက်လွှတ်ထားပေးပြီး မောင့်ရဲ့အမြင်တွေမုဒြာအပေါ်ကောင်းလာစေဖို့ မုဒြာကိုယ်တိုင်မောင့်အကြိုက်လိုက်ဖို့ဆုံးဖြတ်ထားသည် ။

ကို့အနားကထွက်သွားချင်တဲ့လူကို ဆွဲထားရတာပင်ပန်းပေမဲ့ပေါ့ … မုဒြာဟင်းချက်ဖို့ပြင်နေစဉ် အတွေးလွန်ကာ ဓားကသူ့ရဲ့လက်ကိုချော်ပြီးထိသွားကာသွေးများထွက်လာလေတော့သည် ။

" အား … နာလိုက်တာ "

ချက်ချင်းပဲ သွေးတွေကိုရေဆေးလိုက်ပြီး မောင်မလာခင်ကျက်ဖို့အမြန်ပြင်ရတော့သည် ။ အားလုံးအဆင်သင့်ဖြစ်သွားတော့ မောင်အလုပ်က ပြန်လာမဲ့အချိန်လဲ နီးကပ်နေပြီမို့ မုဒြာက မောင့်ကိုအံ့ဩသွားအောင်လုပ်ဖို့ အခန်းမီးပိတ်ကာ အမှောင်ထဲမှာ စိတ်လှုပ်ရှားစွာထိုင်နေသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now