Ep - 1

15K 517 79
                                    

(Unicode)

အချိန်ကာလအားဖြင့် ငါးနှစ်။

ဝမ်ရိပေါ်သူ့ဘဝထဲဝင်ချင်တိုင်းဝင်ပြီး ထွက်ချင်တိုင်းထွက်သွားလိုက်တာ ငါးနှစ်တင်းတင်းပြည့်လေပြီ။

လက်မှတ်မထိုးရသေးတဲ့ ကွာရှင်းစာချုပ်ဟာလည်း ရှောင်းကျန့်လက်ထဲမှာရှိနေဆဲ။

လက်စွပ်မရှိလို့ဆိုပြီး အားတုံ့အားနာနဲ့ လမ်း‌ဘေးစျေးဆိုင်ကဝယ်လာပြီး လက်ထပ်လက်စွပ်အနေနဲ့စွပ်ပေးဖူးတဲ့ တန်ဖိုးနည်း ငွေရောင်လက်စွပ်လေးကလည်း အချိန်ကြာတော့ အရောင်တွေလွင့်လို့။

" လွတ်အောင်ပြေးထား ဝမ်ရိပေါ် "

လက်သီးကိုတင်းတင်းဆုပ်လို့ ပိုင်နိုင်တဲ့ အပြုံးတစ်ချ်ို့ကိုပြုံးပစ်လ်ိုက်သည်။

*ကိုကို့အချစ်မှမရရင် သေရပါတော့မယ်*ဆိုတဲ့ ဝမ်ရိပေါ် အခုလည်း ဘယ်လ်ိုများ အသက်ရှင်နေပါသလဲ ။

- Remarrying Former Husband -

အတိတ်ရဲ့ အချိန်ကာလတစ်ခု။

" ကိုကို့ "

အဝေးကနေပြေးလာရင်း သူ့လက်ကိုဆွဲချိတ်လိုက်တဲ့ကောင်လေးကို ရှောင်းကျန့် မကြည်မသာနဲ့ ကြည့်ပေးလ်ိုက်သည်။ စိတ်ပျက်နေတဲ့ အကြည့်တွေကို ဒီကောင်လေးက ဘယ်တော့မှမြင်ပုံမရ။ အမြဲတမ်းပြုံးပျော်နေတတ်သည်။

ဝမ်ရိပေါ်ဘက်ကြည့်လျှင် ထိုအကြည့်တွေကို မမြင်တာမဟုတ်ပဲ မမြင်ချင်ယောင်ဆောင်ထားတာဆိုပိုမှန်မည်။ အဓိကက ကိုကိုနဲ့ အတူရှိရဖို့။ ကိုကို့ကိုတွေ့ရဖို့ ။

" ကျောင်းလစ်လာပြန်ပြီလား ဝမ်ရိပေါ် "

အသံမာမာနဲ့ ဆူလိုက်တော့ သူမဟုတ်သလိုနဲ့ ဇက်လေးပုဝင်သွားသည် ။ ပြီးမှ မော့ကြည့်ကာ ရယ်ပြလာ၏။

" ကိုကိုနဲ့တွေ့ချင်လို့လေ။ ကိုကိုက သားကို တစ်ပတ်ကြီးတောင် ပစ်ထားတယ် "

" စာမေးပွဲရှိတယ်လေ။ ဒါလေးတောင်နားမလည်ဘူးလား "

" အဲတာဆို သားက ကိုကို့အားအင်လေးဖြစ်ပေးမှာပေါ့ အဟီး "

မျက်လုံးတွေပိတ်ကျသည်အထိ ရယ်ပြနေတဲ့ ကောင်လေး။ ရှောင်းကျန့်က ကျစ် တစ်ချက်စုပ်သပ်လိုက်ပြီး လက်မောင်းပေါ်က ရိပေါ်ရဲ့လက်တွေကိုဖြုတ်ချပစ်လိုက်သည်။

Remarrying Former Husband (Zhanyi)Where stories live. Discover now