Ep - 14

4.1K 359 137
                                    

(Unicode)

ရဲဆေးတင်ဖို့အတွက် ရှောင်းကျန့်က အရက်တစ်ချို့သောက်လာခဲ့သည်။ သောက်ခဲ့တာနည်းနည်းပဲဖြစ်တာကြောင့် မူးတော့ မမူး။

ဒါပေမယ့် အများကြီးသောက်ခဲ့သလို သိသာစေရန်အတွက် အင်္ကျီကို အရက်နည်းနည်းဆွတ်လိုက်သည်။

ပြန်နမ်းကြည့်လိုက်ပြီး အဆင်ပြေတယ်ဟု သတ်မှတ်လိုက်၏။ ဒီလောက်ဆို မမူးပါပဲ မူးချင်ယောင်ဆောင်လို့ရပြီ။

အရက်သောက်တယ်ဆိုတာကလည်း ရိပေါ်ကို လက်စွပ်စွပ်ပေးတဲ့အခါကျ အို့တိုးအန်းတန်းဖြစ်နေမည်စ်ိုး၍သာ။ အရှင်းဆုံးပြောရရင် ဉာဏ်များရသည်ပေါ့။

..........

အချိန်ကြည့်ရင်း ကြည့်ရင်း ညကိုးနာရီကျော်လာပြီ။

ဖုန်းကိုကိုင်ပြီး ဆက်သင့် မဆက်သင့် တွေဝေနေရသည်။ အိပ်ယာတွေဘာတွေခင်း အဝတ်တွေကိုဘီရိုထဲထည့်ပြီးပြီ။ ရိပေါ်လည်း မျက်နှာသစ်သွားတိုက်ပြီးလို့ ညအိပ်ဝတ်စုံလဲပြီး အဆင်သင့်စောင့်နေသည်။

တံခါးပေါက်ဘက်ကိုလှမ်းကြည့်လိုက် လမ်းထလျှောက်လိုက် ဖုန်းသုံးလိုက်ဖြင့် လူကလည်း ဂဏှာမငြိမ်။

နာရီဝက်လောက်ကြာတော့ တံခါးကို တဒုန်းဒုန်းထုသံကြားရလေသည်။

" ဝမ်ရိပေါ် တံခါးဖွင့်စမ်း ဝမ်ရိပေါ် "

ဒုန်း ! ဒုန်း!

ရှောင်းကျန့်ကတံခါးချပ်ကိုလက်သီးဆုပ်နဲ့ တရစပ်ထုနေသည်။ ရိပေါ်က တံခါးကိုပြေးဖွင့်ပေးလိုက်တော့ ခန္ဓာကိုယ်ကြီးက ရိပေါ် အပေါ်ကို ပြိုကျလာ၏။

အရက်နဲ့တွေလှိုင်လှိုင်ထနေပြီး မူးမူးရူးရူးဖြင့်။

" ဝမ်ရိပေါ် ဝမ်ရိပေါ် ! မင်းတော်တော်ဆိုးပါလား အေ့ "

ရိပေါ်မှာ ဦးနှောက်ကို ခဏအလုပ်ပေးလိုက်ရသည်။ သူဘာမှမဆိုးမိပါ။ ညနေက မသွားပါနဲ့လို့တားလိုက်ရုံလေးတင်။

အဲတာကို ကိုကိုက ခုထိမကျေမနပ်ဖြစ်နေသေးတာလား။

ရှောင်းကျန့်ရိပေါ်ကို သိုင်းဖက်လို့ အတင်းကိုပဲ မှီထားလေသည်။ ရိပေါ်မှာ နှစ်ယောက်လုံးပစ်မလဲအောင်လို့ မနည်းထိန်းလို့ တွဲကာ အိပ်ခန်းထဲခေါ်ခဲ့ရ၏။

Remarrying Former Husband (Zhanyi)Where stories live. Discover now