Ep - 24

4.5K 345 156
                                    

(Unicode)

ရှောင်းကျန့်တစ်ယောက် မူးရူးကွဲပြဲလျက်။ နေ့မှာတော့ ကောင်းကောင်းအလုပ်လုပ်ပြီး ညရောက်တော့ အရက်ဆိုင်မှာ လာသောက်နေခြင်းဖြစ်၏။ ဘားတော့မဟုတ် ။ ဘေးက လင်းကျွင့်ဟယ်လည်းရှိနေသည်။

ရှောင်းကျန့်က သောက်ပြီး သူပြောချင်ရာတွေပြောကာ ရင်ဖွင့်နေ၏။ ငိုသံပါကြီးနဲ့ ပြောနေပေမယ့် ငိုတော့ မငိုပေ။

" ကျွင့််ဟယ် ရားး ။ ရိပေါ်က ငါ့ကိုမချစ်တော့ဘူးထင်ပါတယ်ကွာ။ အေ့ ~ "

ရှောင်းကျန့်က ကျွတ်တွေပါထိုးနေ၏။ ဖ်ို့ရို့ဖားယားဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး လင်းကျွင့်ဟယ်လည်း ရင်ထဲမကောင်း။

" ဘာဖြစ်တာလဲ။ ငါ့ကိုရှင်းအောင်ပြောလေ။ ရောက်ကတည်းက သောက်နေတာ ဘာမှလည်းမပြောပြပဲနဲ့ ငါကဘယ်လိုသိမှာလဲ "

ရှောင်းကျန့်က နောက်တစ်ခွက်မော့မယ့်ဆဲဆဲ လင်းကျွင့်ဟယ်ကဆွဲယူပစ်လ်ိုက်သည်။ ဒီကောင်သောက်တာ အတော်များနေပြီ ။ လူကဖြင့် အရက်သိပ်သောက်နိုင်တာလည်းမဟုတ်ပဲနဲ့။

အရင်တုန်းက ကတည်းက သတိပေးခဲ့သားပဲ။ ခုမှ အသည်းကွဲနေလိုက်။ ကိုယ်သူငယ်ချင်းက တကယ်ခံစားနေရတာဆိုတော့လည်း အပြစ်မဆိုနိုင်ရက်။

"ရိပေါ်က ဝီလီယမ်ဆိုတဲ့ကောင်နဲ့ ချစ်နေကြပြီထင်တယ်။ ငါနဲ့တွေ့လိုက်တိုင်း နှစ်ယောက်က လက်တွဲထားတာချည်းပဲ။ သမီးလေးနဲ့လည်းမတွေ့ရဘူး။ သမီးလေးကလည်း ငါ့ကိုမခင်ဘူး ။ ရိပေါ်ကလည်း ငါ့ကိုလက်မခံဘူး။ ဇွတ်တရွတ်သွားလုပ်လို့လည်းမရဘူး။ ငါလည်း ဘာလုပ်ရမှန်းမသိတော့ဘူး "

" ရိပေါ်က မင်းကိုမချစ်တာမဖြစ်နိုင်ဘူး။ ဟန်ဆောင်နေတာပဲနေမှာ အဲဒီကလေး "

လင်းကျွင်းဟယ်က အသည်းအသန်စဥ်းစားရတော့သည်။ ရိပေါ်က လွယ်လွယ်နဲ့ နောက်တစ်ယောက်ပြောင်းမချစ်ကောင်း။ လူတိုင်းကို လွယ်လွယ်လိုက်မချစ်နိုင်ဘူးလေ။

ရိပေါ်က ရှောင်းကျန့်ကိုခိုးပြေးတဲ့အထိဖြစ်ခဲ့တာဆိုတော့ ဒီကလေးရဲ့အချစ်တွေက ရှောင်းကျန့်အပေါ် ပေါ့ပေါ့သေးသေးတော့မဟုတ်လောက်ပါဘူး။ အခုကစိတ်ဆိုးမပြေသေးလို့ပဲနေမှာပါ။

Remarrying Former Husband (Zhanyi)Where stories live. Discover now