Ep - 7

3.8K 365 59
                                    

(Unicode)

ရှောင်းကျန့် ညနေက ရိပေါ်တို့ကျောင်းရှေ့ရောက်ဖြစ်သည်။

ရိပေါ်က်ို ကျောင်းလာကြိုတဲ့သူက ဟိုတစ်နေ့ကလူဖြစ်နေပြန်သည်။

ကိုယ့်လ်ို ယောကျာ်းတစ်ယောက်ကိုတောင် သဘောကျပါတယ်ဆိုတဲ့ ဝမ်ရိပေါ်က နောက်ယောကျာ်းလေးတစ်ယောက်က်ိုရော သဘောမကျနိုင်ဘူးလားဟု ရှောင်းကျန့်တွေးမိသည်။

ထိုလူနဲ့ဆိုလည်း ရိပေါ်က ပြုံးနေပြန်သည်။

Noti on ထားလိုက်ပေမယ့် မျက်စိနောက်စရာကောင်းလောက်အောင် မက်ဆေ့ချ်တွေ တတောင်တောင်နဲ့ရောက်မလာတော့လည်း တစ်ခုခုလိုနေသလိုခံစားရသည်။

ဝမ်ရိပေါ်က တကယ်ပဲနေန်ိုင်သွားပြီထင်သည်။ သဘောကျတယ်ဆိုပြီး အတင်းလိုက်ကပ် ၊စိတ်ရှုပ်ရလွန်းလို့ လူကို ရူးမလိုဖြစ်အောင်လုပ်ပြီးမှ ပစ်ထားသွားပြန်သည်။

မင်းတော်တော်ဆိုးတယ် ဝမ်ရိပေါ် !

ရှောင်းကျန့်ရဲ့ရင်ထဲမှာလည်း မဖော်ပြနိုင်တဲ့ခံစားချက်တွေက ပြွတ်သိပ်နေသည်။

စိတ်ရူးပေါက်စွာနဲ့ မိုးရေထဲ ရပ်နေမိတာအတော်ကြာကြာ။ နံရံကိုပိတ်ထိုးနေမိသည်မှာလဲ အကြိမ်ကြိမ်။ ထို့နောက်မှ အုတ်နံရံကိုမှီကာ ခြေပစ်လက်ပစ်ထိုင်ချမိတော့သည်။

စောက်ရူးထ၍ မိုးရေထဲထိုင်နေမိတဲ့ အကျိုးဆက်အနေနဲ့ နောက်နေ့အိပ်ယာထတော့ ဖျားတော့သည်။ လက်ခုံကလည်းပေါက်ပြဲလို့ သွေးတွေပါထွက်နေ၏။

အပူရှိန်က တငွေ့ငွေ့တက်နေသည် ။ ဒီနေ့က ကျောင်းသွားနိုင်တော့မှာမဟုတ်။ အခန်းဖော်တွေကတော့ ကျောင်းသွားကြရာ ရှောင်းကျန့်ပဲ အခန်းထဲကျန်ခဲ့သည်။

ချမ်းလည်းချမ်းသည်။ နေမကောင်းဖြစ်လေ့ဖြစ်ထမရှိတော့ အနည်းဆုံး ခေါင်းကိုက်ပျောက်ဆေးလေးတောင် မဆောင်ထားမိ။

ရေသောက်ချင်လို့ အိပ်ယာဘေးက ရေဘူးကိုစမ်းကြည့်တော့ ရေကကုန်နေပြန်သည်။

ကျစ် * ဒါတွေ အကုန်ဝမ်ရိပေါ်ကြောင့်ဖြစ်ရတာ။

မျက်လုံးကို မနည်းဖွင့်လို့ ဖုန်းကိုကောက်ကိုင်လိုက်သည်။

Remarrying Former Husband (Zhanyi)Where stories live. Discover now