Ep - 5

3.9K 371 66
                                    

(Unicode)

အလုပ်ပြုတ်ပြီလို့ပြောလိုက်ပြီးကတည်းက ရှောင်းကျန့်ဆီ ထမင်းဘူးတွေနေ့တိုင်းရောက်လာသည်။

*ကိုကို ကျားယို့* ဆိုတဲ့စာသားနဲ့ sticker ကပ်ထားသည်အရ ဝမ်ရိပေါ်လက်ချက်မှန်းသိလိုက်သည်။

ဝမ်ရိပေါ် ငါ့ကို မစားနိုင်မသောက်နိုင်လောက်အောင် မွဲနေပြီလို့ထင်နေတာလား ?

မေးလိုက်ရင်လည်း သားစေတနာပါ လို့ အဖြေထွက်လာမယ်မှန်းသိပြီးသား။

ဘာစေတနာလဲ အလကားစေတနာတွေ ။

ထမင်းဘူးကိုတော့ လွှင့်မပစ်ချင်သည့်အတွက် အခန်းဖော် သူငယ်ချင်းကိုပဲပေးလ်ိုက်၏။ ရှောင်းကျန့်ကတော့ ထမင်းဘူးကို ဖွင့်တောင်မကြည့်ခဲ့ပါပေ။ စားဖို့ရာဆို ဝေးပါလေစွ။

ရိပေါ်ဘက်ကတော့ စာတွေပို့နေခဲ့လေသည်။ *ထမင်းဘူးက သားပို့ပေးလိုက်တာပါ ကိုကို* ဆိုပြီး ။

ရှောင်းကျန့်က noti off ထား သည့်အတွက် ရိပေါ်ပို့ထားတဲ့ မက်ဆေ့ချ်တွေကို မမြင်ပါ ။

နောက်နေ့တွေလည်း ထမင်းဘူးတွေလာပို့ပြန်သည်။ တစ်နေ့တစ်မျိုး မရိုးရအောင်ပို့နေသည်မှာ နေ့စဥ်ရက်ဆက်။

အတန်းဖော်သူငယ်ချင်းကလည်း အစားကောင်းနေ့တိုင်းစားနေရတဲ့အတွက် ရှောင်းကျန့်ကိုကျေးဇူးတွေတင်လို့။ မေတ္တာပို့ပေးသည်က " ထမင်းဘူးပို့ပေးတဲ့ ချစ်သူလေးနဲ့ အိုအောင်မင်းအောင်ပေါင်းရပါစေ " တဲ့။

ဘာချစ်သူလဲ စိတ်ပျက်စရာတွေ။

ရှောင်းကျန့်လည်း ကြိတ်ဆဲလိုက်သည်။ နောက်တစ်ခေါက်ကျ လီးတောင် မကျွေးဘူးဟူ၍။

လမ်းဘေးက ခွေးတွေကို ချကျွေးလိုက်တာတောင် ကုသိုလ်ရလိမ့်ဦးမည်။

ငါအလုပ်ရပြီလို့ မပြောမချင်း ရိပေါ်ဘက်က ထမင်းဘူးတွေ မုန့်တွေ အမြဲပို့မယ့်သဘောရှိသည်။ မဖြစ်ချေတော့။

ဝမ်ရိပေါ်နဲ့ ထိပ်တိုက်ရှင်းမှရတော့မည်။

တစ်ပတ်လောက်အကြာမှာတော့ ရိပေါ်အကောင့်ကို noti ပြန် onပေးလိုက်သည်။

Remarrying Former Husband (Zhanyi)Where stories live. Discover now