Ep - 18

5.4K 402 136
                                    

(Unicode)

ရိပေါ်ထွက်သွားပြီးနောက် အခန်းကိုပြန်အပ်မယ်လုပ်တဲ့အချိန် အခန်းရှင်းရင်းအမှိုက်ပုံးထဲမှာတွေ့မိသည်က ဆီးစစ်တံလေး။ သူ့ဆီက ထွက်သွားတဲ့ ရိပေါ်မှာ ရင်သွေးလေးလွယ်ထားရကြောင်း ထိုအခါမှပဲ ရှောင်းကျန့်ကသိရသည်။

ရ်ိပေါ်ကို သွားရှာခဲ့ပေမယ့် ရိပေါ်က နိုင်ငံခြားကို ပညာတော်သင်ထွက်သွားပြီဆိုတဲ့ သတင်းကလွဲပြီး အစအနရှာမရခဲ့ပါ။ ရိပေါ်ကလည်း အပုန်းကောင်းသည်။ သူ့ကလေးက သားမှန်း သမီးမှန်းတောင် ရှောင်းကျန့်က မသ်ိရ။

ဒီလို့နဲ့ အချိန်တွေငါးနှစ်ကုန်ခဲ့သည်။

ကြားရသည်ကတော့ ရိပေါ်က မကြာခင်မှာပဲ ပြည်တော်ပြန်လာပါမည်တဲ့။

ဒီကိုပြန်ရောက်ရင်တော့ ရှောင်းကျန့်က ရိပေါ်ကို အလွတ်ပေးတော့မည်မဟုတ်ပါ။ ငါးနှစ်လုံး အလုပ်ကြိုးစားလိုက်တာ ခုဆို စီးပွားရေးလောကမှာ ရှောင်းကျန့်က နေရာတစ်နေရာရနေပြီ။

သူလုပ်နေတာတွေအကုန်လုံးက ရိပေါ်နဲ့ ကလေးလေးအတွက်ကိုရည်ရွယ်လို့ဖြစ်သည်။ ရှောင်းကျန့်က သူ့မိဘတွေကို ရိပေါ်နဲ့ ကလေးလေးအကြောင်းကို ဖွင့်ပြောပြထားလို့ သူတို့ကတော့ သိကြပြီးပြီ။ သားမက်လေးနဲ့ မြေးလေးကို အရခေါ်လာခဲ့ဟု အပြတ်ပြောထားကြသည်။

ရိပေါ်ကိုတောင်းပန်သင့်ရင်လည်းတောင်းပန်ရမည်။ သူ့မိဘတွေကိုတော့ အရင်ကအကြောင်းတွေဖွင့်ပြောပြီး တောင်းပန်ပြီးပြီ။

ယောက္ခမတွေဘက်ကတော့ အိုကေပါသည်။ သားငယ်လေး ဆုံးဖြတ်တာကို လက်ခံမည်ဟု ပြောသည်။

အဓိကက ရိပေါ်စိတ်တိုင်းကျ ဆိုတဲ့သဘော။

ရှောင်းကျန့်ကတော့ တစ်ထစ်ချတွက်ထားသည်။ ရိပေါ်က သူ့ကိုစိတ်ဆိုးလို့ထွက်သွားတာဖြစ်ပြီး အခုအချိန်အထိ သူ့ကိုချစ်လောက်နေဆဲဟု။

ရိပေါ်ကိုလက်သီးနဲ့ထိုးလိုက်မိတာကိုလည်းနောင်တရသည်။ ရိပေါ်က ကလေးလေးလွယ်ထားရတာကို ရှောင်းကျန့်မှ မသိခဲ့တာ။ သိရင် အဲ့လိုလုပ်ခဲ့မှာမဟုတ်ပါ။

Remarrying Former Husband (Zhanyi)Where stories live. Discover now