Ep - 21

4.6K 376 184
                                    

(Unicode)

ရှောင်းကျန့်က ရိပေါ်ကို ခေါ်သွားတဲ့နေရာမှာ တက္ကသိုလ်ကျောင်းဝန်းနားက ပန်းခြံလေးတစ်ခုဆီဖြစ်၏။

လူရှင်းနေသည်။ ရှောင်းကျန့်ဆွဲခေါ်ရာနောက် လိုက်ခဲ့ရသည်က ပန်းခြံထဲက သစ်ပင်အုပ်တွေ ရှိရာဆီဖြစ်သည်။ ပြီးတော့ အဲ့ဒီနေရာဟာလည်း မှတ်မှတ်ရရ ရိပေါ်က ရှောင်းကျန့်ကို ဖွင့်ပြောဖူးသောနေရာဖြစ်၏။

အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်တစ်ပင်အောက်ရောက်တော့ ရှောင်းကျန့်က ရပ်လ်ိုက်သည်။

ရိပေါ်က သစ်ပင်နဲ့ ရှောင်းကျန့်ကြားရပ်နေရသလိုဖြစ်နေ၏။

" ဒီနေရာကို မှတ်မိသေးလား ရိပေါ် "

ရှောင်းကျန့်က ခါးထောက်ကာ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်သည်။ လေတိုက်နေ၍ အင်္ကျီစနဲ့ ဆံပင်တွေက တလွင့်လွင့်။

" ကိုယ်မေးတာဖြေဦးလေ ရိပေါ်။ ကိုယ့်ကို သဘောကျတယ်လို့ ဒီနေရာမှာ မင်းပဲပြောခဲ့တာလေ မှတ်မိသေးလား "

ရှောင်းကျန့်က ဘာလို့ဒီလိုမေးသည်လဲ ရိပေါ်နားမလည်န်ိုင်ပါ။ အတိတ်ကို ပြန်တူးဆွပြီး မင်းကငါ့ကိုရည်းစားစကားပြောခဲ့တာဆိုပြီး ဂုဏ်ဆာချင်တာလား။ သရော်ချင်တာလား။

" မှတ်မထားတော့ဘူး "

အဲ့ဒီနေ့ကို ပြန်ကြည့်လျှင် ရှောင်းကျန့်က ရိပေါ်ကို မကြိုက်နိုင်ဘူးဆိုပြီး ချက်ချင်း ငြင်းပစ်ခဲ့တဲ့ နေရာပင်။ နောက်ကြောင်းပြန်ကြည့်တော့လည်း ရိပေါ်နဲ့ ရှောင်းကျန့်မှာ ကောင်းတဲ့ အမှတ်တရ များများစားစားမရှိဖူးခဲ့။အမှတ်တရကောင်းမဟုတ်မှန်း သိသိကြီးနဲ့ မှတ်မိပါတယ်လို့ မဖြေနိုင်ပါ။

မမှတ်မိတာလည်းမဟုတ် ရှောင်းကျန့်နဲ့ ပက်သက်သမျှ အရာအားလုံး ရိပေါ်က မှတ်မိပါသည်။

" ဟာ ကျစ် * ရိပေါ် "

ရှောင်းကျန့်က ယူကြုံးမရစွာဖြင့်သူ့ဆံပင်သူလက်နဲ့ ထိုးဖွသည်။

မှတ်မထားဘူးဆိုတဲ့ စကားကိုတော့ မျှော်လင့်မထားခဲ့။ ရိပေါ်က သူ့ကို အကြီးအကျယ် စိတ်ဆိုးနေတာပင်။

Remarrying Former Husband (Zhanyi)Where stories live. Discover now