Ep - 16

4.6K 390 142
                                    

(Unicode)

"ရောက်လာရင်လည်း အေးဆေးနေ။ နောက်နေ့ကျရင် ပြန်တော့ ။ လွမ်းတယ်ဆို ငါ့မျက်နှာမြင်ပြီးပြီမလား "

" ကိုကိုရော ကိုကိုကရော .... ကျွန်တော်နဲ့ ပြန်မလိုက်ဘူးလား "

ရှောင်းကျန့်က စိတ်အိုက်စွာဖြင့် သူ့ဆံပင်တွေသူထိုးဖွပစ်ကာ လက်ဖဝါးဖြင့်မျက်နှာကို သပ်ချသည်။

ရှောင်းကျန့် လက်ကိုလှမ်းမြင်လိုက်ရသည်။ ဘယ်ဘက်လက်သူကြွယ်မှာ လက်ထပ်လက်စွပ်မဝတ်ထား။

ရိပေါ်မှာ သူ့လက်သူပြန်ငုံ့ကြည့်ရင်း စိတ်မကောင်းလွန်း၍ အော်ရယ်ချင်သလိုပင်ဖြစ်သွားရသည်။

"လက်ထပ်လက်စွပ်။ လမ်းဘေးဆိုင်က ဝယ်လာတာ တန်ဖိုးမရှိဘူး။ စွပ်ချင်စွပ် မစွပ်ချင်လွှင့်ပစ်လိုက်" ဆ်ိုတဲ့စကားလုံးတွေကိုနားထဲပြန်ကြားယောင်လာသည်။

ရိပေါ်ကတော့ တန်ဖိုးထားလို့ ဝတ်ထားပေမယ့် ကိုကို့အနေနဲ့ကလည်း တန်ဖိုးမရှိလို့ ဝတ်မထားတာထင်ပါရဲ့ဟုတွေးပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။

" ဒီမှာ နည်းနည်းထပ်နေဦးမယ်။ ရှင်းစရာကိစ္စလေးတွေရှိသေးတယ် ။ ပြီးမှ နောက်ကလိုက်ခဲ့မယ်ဟုတ်ပြီလား "

ရှောင်းကျန့်က ရိပေါ်ပခုံးတွေကို ဆုပ်က်ိုင်ကာ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်သည်။ လေသံကိုလျှော့၍ ချော့သလိုပြောလိုက်သည်။ ရိပေါ်ကတော့ မျက်နှာလွှဲသွားသည်။

" ကျွန်တော် ပင်ပန်းနေပြီ။ နားဦးမယ် ။ဒီအခန်းထဲ နေလို့ရတယ်မလား "

" အင်း ဒါနဲ့ မှာစရာရှိသေးတယ် ။ ခဏနေရင် နေ့လည်စာလာပို့ပေးလိမ့်မယ်။ အခန်းထဲမှာပဲစားလိုက်တော့ "

" မဆာသေးဘူး။ ဘာမှမစားချင်ဘူး "

" အဲတာဆ်ိုလည်း မင်းသဘောပဲ "

ထို့နောက် ရှောင်းကျန့်က ညနေ ခြောက်နာရီနဲ့ ကိုးနာရီကြားကို အိမ်အောက်ထပ်မဆင်းခဲ့ဖို့ရိပေါ်ကိုမှာထားလိုက်သည်။ ဗိုက်ဆာရင် ဖုန်းဆက်လ်ိုက်ဟု ပြောပြီး အခန်းထဲမှာပဲ နေခိုင်းထားလိုက်၏။

Remarrying Former Husband (Zhanyi)Where stories live. Discover now