Ep - 2

4.4K 427 132
                                    

(Unicode)

ဒီနေ့ လပတ်အမှတ်စာရင်းတွေဝေသည်။ ကိုကိုက ပြောထားသည် အဆင့်တစ်ရရင် ရိပေါ်စားချင်တာ ဝယ်ကျွေးမည်တဲ့။ ရိပေါ်က မုန့်မဝယ်စားနိုင်လို့တော့မဟုတ်။ ကိုကိုက ဝယ်ကျွေးတာပါလားဆိုတဲ့အသိနဲ့ ကြည်နူးချင်ရုံသာ။

" ဝမ်ရိပေါ် အဆင့် ငါးဆယ့်ခြောက် ။ နောက်ဆုံးက ရေရင် အဆင့်နှစ်ဟ ဟားဟား "

အဖြေစာရွက်ဝေနေတဲ့ အတန်းခေါင်းဆောင် သူငယ်ချင်းကိုလက်ခလယ်ထောင်ပြလိုက်သည်။

ဒီအဆင့်ရတာ ရိပေါ် သူငယ်ချင်းတွေအတွက်ရော ရိပေါ်အတွက် ထူးခြားမနေပါ။

ခါတိုင်းလိုဆို ဒီအဆင့်လောက်ကို အဖက်တောင်လုပ်ဖြစ်မှာမဟုတ်ပေမယ့် ဒီတစ်ခေါက်က ရှောင်းကျန့်ပြောသလို အဆင့်တစ်မှ မဟုတ်ခဲ့ပဲ။

မအိပ်မနေကြိုးစားထားတာကြောင့် အဆင့်တွေအများကြီးတက်လာလိမ့်မယ်လို့ မှန်းထားပေမယ့် ဒုံရင်းက ဒုံရင်း။ ဘာမှ တိုးတက်မလာပေ။

ကိုကိုသိရင် စိတ်ဆိုးမည်လား ?

ဖြစ်တော့မဖြစ်နိုင်။ ရိပေါ်က အဆင့်တစ်မရနိုင်လောက်မှန်းသိလို့ မရနိုင်တာကြီးကို ရအောင်လုပ်ဆ်ိုပြီး ပြောသွားတာမျိုးသာဖြစ်လောက်မည်။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို အကောင်းတော့ ပြောမည်မဟုတ်။

စိမ်းကားသွားတာကလည်း ရိပေါ်က ရှောင်းကျန့်ကို *ကိုကို့ကို သဘောကျတယ်* လို့ ဖွင့်ပြောလိုက်ချိန်မှစသည်။ အချိန်ကာလအားဖြင့်တော့ သိပ်မကြာသေး။ လပိုင်းလောက်ပဲရှိဦးမည်။

" ငါတို့ ဘုရင်ကြီးမှိုင်နေပါလားဟ "

" သိပ်စိတ်မကြည့်ဘူး ဟေ့ရောင်။ လာမစရင်ကောင်းမယ် "

စားပွဲခုံပေါ်ခေါင်းမှောက်ပြီး အိပ်နေတဲ့ရိပေါ်ကို မင်လျန်က ပခူံးကိုပုတ်လို့ လာစသည်။ ရိပေါ်က မကြည်မသာနဲ့ ပြန်ပြောလိုက်တာကြောင့် မင်လျန်မှာ မစရဲတော့ ။ ဒီကောင်ဒေါသထွက်ရင် ကြောက်စရာကြီး။

" ဒါဆိုလည်း ဆက်အိပ် ။ ဆရာမလာမှ နှိုးလိုက်မယ် "

ခါတိုင်းဆို ပြုံးပျော်ပြီး အမြဲစောက်ခွက်ပြောင်နေတတ်တဲ့ ဝမ်ရိပေါ်က ခုတလောမှ ငြိမ်ကျသွားသည်။ မီးခဲကို ရေနဲ့လောင်းလ်ိုက်သလို ဟုတ်ခနဲ။

Remarrying Former Husband (Zhanyi)Where stories live. Discover now