Ep - 11

4.2K 369 85
                                    

(Unicode)

ထမင်းချက်အန်တီကြီးနဲ့ ခြံစောင့်ဦးလေးကြီးအား အသိသက်သေထား၍ ရှေ့နေကြီးရှေ့မှာပဲလက်ထပ်စာချုပ်မှာ နှစ်ဦးသားလက်မှတ်ရေးထိုးခဲ့ကြသည်။

မင်္ဂလာပွဲလည်းမလုပ်သလို လက်စွပ်လည်းမရှိပါ။ စာချုပ်ပေါ်က လက်မှတ်နဲ့တင် ရိပေါ်အတွက်လုံလောက်နေပါပြီ။

နောက်ရက်အနည်းငယ်နေပြီးရင်တော့ xx(မြို့) ကိုပြန်ပြီး ရှောင်းကျန့်နဲ့လက်ထပ်မှတ်ပုံတင်လုပ်ရမည်ဟု ရိပေါ်စိတ်ကူးထားသည်။

ကိစ္စပြီးတော့ ရှေ့နေကြီးလည်းပြန်သွားပြီ။လက်ထပ် စာချုပ်အရတော့ ရှောင်းကျန့်နဲ့ ရိပေါ်က အိမ်ထောင်ဘက်တွေဖြစ်သွားကြပြီ။

ရှောင်းကျန့်က အိမ်ပေါ်ထပ်ကိုတက်သွားသဖြင့် ရိပေါ်လည်း အနောက်မှနေ၍ ကပ်လိုက်ခဲ့သည်။

ရှောင်းကျန့်က ကုတင်ပေါ်ထိုင်နေပေမယ့် ရိပေါ်က အခန်းတံခါးပေါက်နားမှာတင် ရပ်နေလိုက်သည်။ ရှောင်းကျန့်နားကို မသွားရဲသေး။

ရင်တွေလည်းခုန်နေသည်။ ပျော်လည်းပျော်နေသည်။ ရှောင်းကျန့်က ဆူပုပ်နေပေမယ့် ရိပေါ်ကတော့ ဖုံးဖိမရအောင် ပြုံးနေသည်။

" ကိုကို "

ရိပေါ်က ရှောင်းကျန့်နားကိုသွားထိုင်လိုက်တော့ ရှောင်းကျန့်က မတ်တပ်ထရပ်သည်။

" ငါမင်းနဲ့ စကားမပြောချင်ဘူး ဝမ် ရိ ပေါ် ! "

" ..... "

" ငါ့ဖုန်းနဲ့ ပိုက်ဆံအိတ်ပြန်ပေး ဘယ်မှာလဲ "

" ကျွန်တော်သိမ်းထားတယ်။ ပြန်မပေးပါဘူး။ ကိုကိုထွက်ပြေးမှာစ်ိုးလို့ "

" ကျစ် * ချီးပဲကွာ "

ဝုန်း !

ရှောင်းကျန့်က ကုတင်ခြေရင်းနဲ့ မလှမ်းမကမ်းရှိ စားပွဲခုံအဝိုင်းကိုခြေထောက်နဲ့ ကန်ပစ်လိုက်လေသည်။ထိုင်ခုံတွေကိုလည်းဆောင့်ကန်ပစ်၏။

ရိပေါ်ကို တစ်ခုခုလုပ်ပစ်လိုက်ချင်ပေမယ့် သူ့ဒေါသတွေကို မြင်မြင်သမျှ အရာဝတ္ထုတွေအပေါ်မှာပဲ ပုံချပစ်လိုက်သည်။

Remarrying Former Husband (Zhanyi)Where stories live. Discover now