Ep - 19

5K 390 142
                                    

(Unicode)

ပြန်ရောက်ပြီးကတည်းက တစ်ပတ်တိတိ အိမ်ထဲကမထွက်ဖြစ်။ သမီးလေးရယ် သူ့အဖိုးအဖွားရယ် ဝီလီယမ်ရယ်နဲ့သာ အိမ်ထဲမှာ အချိန်ကုန်ဖြစ်နေသည်။

စိတ်ညစ်စရာတွေတွေးမနေတော့ပဲ ပျော်ပျော်ပဲနေလိုက်၏။ ဟိုမှာနေကတည်းက နေ့ရက်တိုင်းကို ဒီလိုပဲဖြတ်သန်းလာတာကြာပါပြီ။

" ရိပေါ် ကိုယ်တို့ ရှော့ပင်းထွက်ကြမလား ။ သမီးလေးလည်းပျင်းနေမယ်ထင်တယ် ။ ဒီရောက်ကတည်းက အိမ်မှာပဲနေရတာဆိုတော့လေ "

သမီးလေးကိုဆော့ကူပေးရင်းနဲ့ ဝီလီယမ်က မေးလာတာဖြစ်သည်။ နေ့တိုင်း ရိပေါ်တို့ အိမ်ကိုလာပြီး ရိပေါ်တို့သားအဖကို အဖော်ပြုပေးနေသည်မှာ တစ်ပါးသူမြင်လျှင် အလုပ်မရှိဘူးလားဟုထင်ရလောက်သည်။

သမီးလေးလည်း ဒီရောက်ကတည်းက အပြင်လုံးဝမထွက်ရသေးတာတော့ မှန်သည်။ K နိုင်ငံမှာမွေးတဲ့ သမီးလေးအဖို့ ဒီနိုင်ငံက ခုမှပထမဆုံးရောက်ဖူးခြင်းသာ။

သမီးလေးက K နိုင်ငံစကားလည်းတတ်သလို C နိုင်ငံစကားကိုလည်း ရိပေါ်က သင်ပေးထားသည်။ K နိုင်ငံမှာနေလို့ K စကားကတော့ သူ့အလိုလိုတတ်သည်။

သူ့အဖိုးအဖွားတွေနဲ့ကတော့ စိမ်းမနေပါ။ လိုင်းပေါ်ကနေ အမြဲတမ်းအဆက်အသွယ်လုပ်သည်ဆိုတော့။

" အင်း။ သမီးကို မေးကြည့်ကြည့်လေ။ ကျွန်တော်ကတော့ အပြင်မထွက်ချင်ဘူး "

" အပြင်မထွက်ပဲ အိမ်တွင်းပဲအောင်းနေလို့မှ မရတာ ရိပေါ်ရဲ့ "

" အင်း "

ဒါနဲ့ပဲ ဝီလီယမ်ကသမီးလေးကို အပြင်ထွက်ချင်လားဟုမေးတော့ ခေါင်းငြိမ့်ပြ၏။ သမီးလေးက အနေအေးတဲ့ ကလေးထဲမှာပါသည်။ မွေးကတည်းက သိပ်မငိုတတ်တဲ့ကလေးလေးဖြစ်၏။

မွေးမွေးချင်းတုန်းက မငိုလို့ ဆရာဝန်တွေအကုန် ခေါင်းကြိမ်းသွားရတာဖြစ်သည်။ ငိုသံထွက်လာမှသာ အသက်ရှင်ကြောင်း အတည်ပြုလို့ရ၏။

သမီးလေးက ဘယ်သူနဲ့တူတူ ခြေလက်အင်္ဂါစုံဖို့ သာလျှင်အရေးကြီးသည်ဟု ရိပေါ်မှာ ရင်မောခဲ့ရ၏။

Remarrying Former Husband (Zhanyi)Where stories live. Discover now