(Unicode)
ရှောင်းကျန့်က အိမ်ရှေ့ထိလိုက်ပို့သည်။ မူကြိုရှေ့မှာစောင့်နေဆဲ ဒရိုင်ဘာလီကို အိမ်ပြန်နှင့်တော့လို့ပဲ ဖုန်းဆက်ထား၏။
ရှောင်းကျန့်က အိမ်ထဲဝင်ပြီး ယောက္ခမတွေနဲ့ နှုတ်ဆက်ချင်တယ်လို့ပြောလာသည်။ "အရှက်မရှိတာတော်ရုံပဲကောင်းတယ်" လို့ပဲ ပြောခဲ့ပြီး အိမ်ထဲကို ပေးမဝင်ခဲ့။
ဟုတ်သည်လေ။ သူနဲ့ ကိုယ်နဲ့က ကွာရှင်းပြီးသား။ ပြတ်သွားတဲ့ ကြိုးကို ဘယ်နည်းနဲ့မှ ပြန်မဆက်ချင်ပါ။ စိတ်လျှော့ထားလိုက်ပေမယ့် တကယ်ခွင့်မလွှတ်နိုင်သေး။
ခြံထဲဝင်သွားတဲ့ ရိပေါ်ရဲ့နောက်ကျောကိုကြည့်ရင်း ရှောင်းကျန့်မှာ ကြောင်အမ်းအမ်းသာကျန်ခဲ့သည်။
ဒီလောက်ရှင်းပြထားတာတောင်မှ ရိပေါ်က ခွင့်မလွှတ်နိုင်သေးရင် ဘယ်လိုအားအင်တွေနဲ့ ရှေ့ဆက်တိုးရပါ့မလဲ။
အိမ်ရောက်တာနဲ့ ရိပေါ်က အခန်းထဲတန်းဝင်ကာ အိပ်ယာပေါ်ပစ်လှဲသည်။ မျက်နှာကြက်ကိုပဲစိုက်ကြည့်နေရင်း ခုနက ရှောင်းကျန့်ပြောသွားတဲ့ စကားတွေကို ပြန်စဥ်းစားသည်။
အဆင်အခြင်မဲ့တဲ့ ရှောင်းကျန့်ကို သူဘယ်လို ခွင့်လွှတ်ပေးရမလဲ နည်းလမ်းရှာကြည့်သည်။ မဟုတ်ရင် ရှောင်းကျန့်ကို ထားပြီး ဒီနိုင်ငံကနေ ငါးနှစ်လောက်ထွက်ပြေးခဲ့တာက ဟာသဖြစ်သွားလိမ့်မည်။
တခြားနိုင်ငံမှာ နေရတာ အကျိုးတော့ မယုတ်ခဲ့ပေမယ့် နေ့ရက်တိုင်းနီးပါး တနုံ့နုံ့နဲ့ စိတ်ပင်ပန်းနေခဲ့ရသည်ပဲ။ သမီးလေးရှိလို့သာ တော်တော့သည်။
ရှောင်းကျန့်က သူ့ကိုသဘောကျတယ်ဆ်ို ဘာလို့ အရင်ကတည်းက ဖွင့်မပြောခဲ့ရတာလဲ။ ပြီးတော့ တခြားမိန်းမအတွက်နဲ့ ဘာမှ မဆင်ခြင်ပဲ ရည်ရွယ်ထားတဲ့ သူကို လက်သီးနဲ့ထိုးသတဲ့။ ဒါဘယ်လိုဟာသလဲ။
သွေးပူနေတဲ့အချိန် အထူးသဖြင့် ရှောင်းကျန့်နဲ့ နီးနီးကပ်ကပ်ရှိနေရတဲ့အချိန်ဆို လူက စိတ်ပျော့ပြီး ခွင့်လွှတ်ချင်သလို။ သွေးအေးသွားလို့ စိတ်အေးအေးထားကြည့်လိုက်တဲ့အခါ ခွင့်မလွှတ်နိုင်သေးပါ။
YOU ARE READING
Remarrying Former Husband (Zhanyi)
FanfictionYou are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't...