Ep - 12

4.2K 355 120
                                    

(Unicode)

ညပိုင်းမှာလည်း သူတို့ အတူတူနေဖြစ်ခဲ့ကြသည်။

မနက်ခင်းရောက်တော့ ရှောင်းကျန့်က အရင်ထသွားသည်။ ရိပေါ်မှာတော့ အိပ်ယာကပင်မထနိုင်။ ရှောင်းကျန့်ကြောင့် တစ်ကိုယ်လုံးကိုက်ခဲကာ နာကျင်နေသည်။

ခါးတစ်ဝိုက်နဲ့ တင်ပါးမှာ ရှောင်းကျန့်လက်ရာတွေကအပြည့်။ ပေါင်အတွင်းသားတွေဆိုတာလည်းနီရဲနေသည်။ ရင်ညွန့်တွေလည်တိုင်တွေက အမှတ်အသားတွေဆ်ို ခရမ်းပုပ်ရောင်ပြောင်းနေချေပြီ။

ရှောင်းကျန့်က အောက်ထပ်ကို ဆင်းပြီး ထမင်းချက် အဒေါ်ကြီးအား ဆန်ပြုတ်ပြုတ်ထားခိုင်းလိုက်၏။ အကိုက်အခဲပျောက်ဆေးသောက်ခိုင်းရအောင်က ဝယ်မှရမည်။ ဝယ်ဖို့ရာက ရှောင်းကျန့်မှာပိုက်ဆံတပြားမှမရှိ ။ ရိပေါ်က သူ့ပိုက်ဆံအိတ်ကို သိမ်းထားသည်ပဲ။

ကျစ် * ခုတော့ စောက်လုပ်ရှုပ်ပြီ။

ရိပေါ်က အကိုက်အခဲပျောက်ဆေးမသောက်ရင် သက်သာမှာမဟုတ်လောက်ပေ။ ရှောင်းကျန့်က သူ့အရှိန်သူသိသည်။

မသကာ ရိပေါ် ဖျားသွားရင်ဘယ်လိုလုပ်မလဲ ။

ကြံရာမရတဲ့အဆုံး ထမင်းချက် အဒေါ်ကြီးဆီက အကိုက်အခဲပျောက်ဆေးတစ်ချို့တောင်းလိုက်ရ၏။

ရိပေါ်ကတော့ နေ့လည်ဆယ့်နှစ်ကျော်မှနိုးလာသည်။

ရှောင်းကျန့်မှာမနေ့က သူဆောင့်ကန်ထားသမျှပစ္စည်းတွေကို နေရာတကျပြန်ထားပြီး သန့်ရှင်းရေးလည်းလုပ်ထားလ်ိုက်သည်။

ကိုယ်လုပ်ထားသမျှ ကိုယ်ပဲ ပြန်ရှင်းရတာပါပဲ။

ပြီးတော့ ရေမိုးချိုးပြီး ဒီတိုင်းပဲထိုင်နေရသည်။ သုံးစရာဖုန်းလည်းမရှိတော့ ပျင်းစရာလည်းကောင်းလှသည်။

အိမ်အောက်ထပ်ကို ဆင်းပြီး တီဗီကြည့်ပြန်တော့လည်း ပျင်းဆဲ။ အပေါ်ကိုနောက်တစ်ခေါက်ထပ်တက်လာတော့မှ ရိပေါ် အိပ်ယာနိုးတာနဲ့ကြုံသည်။

ရှောင်းကျန့်က ရိပေါ်ကို သန့်ရှင်းရေးမှလည်းလုပ်မထားပေးသလို အင်္ကျီလဲ ဝတ်မထားပေးပါ။

Remarrying Former Husband (Zhanyi)Where stories live. Discover now