Chapter - 10

3.2K 349 99
                                    

Unicode
~~~~~~~~

ကသစ်ပန်းက ဧကရာဇ်မောင်အားကြည့်ကာ အပြုံးလေးဖြင့် ဆိုလိုက်သည် ။

" သူဌေးရဲ့ပရော့ဂျက်အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် "

" မင်းလဲငါ့ကိုအများကြီးကူညီထားတယ် … ဒီညမင်းကိုဝယ်ကြွေးမယ် "

" ကျေးဇူးပါ သူဌေး "

အစည်းအဝေးပွဲပြီးသွားပြီမို့ ဧကရာဇ်နဲ့ ကသစ်ပန်း ကားနဲ့အတူထွက်လာခဲ့ကြသည် ။ သူတို့ညနေစာအတွက်ထမင်းမစားပဲ ကသစ်ပန်းကကိတ်မုန့်ဆိုင်ကိုသွားချင်တယ်ဆို၍ ခေါ်လာခဲ့သည် ။ ဧကရာဇ်စားနေကြ ကိတ်တစ်ခုကိုမှာပြီး အတူခွဲကာ စားကြရင်း ဧကရာဇ်က ကသစ်ပန်းကို ကျေးဇူးတင်စကားပြောလိုက်သည် ။ 

" ဒီတစ်လျှောက်လုံး မင်းငါ့အနားမှာနေပြီး ဂရုစိုက်ပေးလို့ ငါခုလိုအလုပ်ကိုအောင်အောင်မြင်မြင်နဲ့လုပ်နိုင်တာ … အတွင်းရေးမှူးတစ်ယောက်ထက်တောင်ပိုပြီး မင်းလုပ်ပေးခဲ့တယ် … မင်းကိုတကယ်ကျေးဇူးတင်တယ် "

ကသစ်ပန်းက အနည်းငယ်ရှက်ရွံ့သွားပုံဖြင့် ဖြူစင်စွာပြုံးလိုက်ရင်း …

" ရပါတယ်သူဌေး  ပြောစရာမလိုပါဘူး … ကသစ်ကလဲ သူဌေး လိုအပ်မယ်ထင်လို့လုပ်ပေးယုံပါ … သူဌေးလိုကြိုးစားပြီး ထက်မြတ်တဲ့လူရဲ့လက်အောင်မှာ အလုပ်လုပ်ခွင့်ရတာကိုပဲ ကသစ်ဂုဏ်ယူနေပါပြီ "

ကသစ်ပန်းက အပြုံးချိုယုံမက စကားကိုလဲချိုချိုသာသာလေးနဲ့တစ်ဖက်လူသဘောကျအောင်ပြောဆိုတတ်၍ ဧကရာဇ်မောင်သဘောကျမိတာလဲမဆန်းပေ ။ ဒီတစ်ပတ်အတွင်း သူတို့အတူအလုပ်လုပ်ရင်း ပိုရင်းနီလာသည်ဟုထင်မိသည် ။

တစ်ခါတစ်ရံ ကသစ်ပန်းဆီကနေ ကုမုဒြာရဲ့အငွှေ့အသက်လိုမျိုးရနေတတ်ကာ ဧကရာဇ်မောင်အတွက်အလွန်နေသာထိုင်သာရှိပြီး ကုမုဒြာရဲ့နတ်ဆိုးကိုယ်ပွားမဟုတ်တဲ့နတ်သမီးကိုယ်ပွားအနားမှာရှိနေသလိုပင် ။ ကုမုဒြာနဲ့ကသစ်ပန်းကအလွန်ထပ်တူညီနေပေမဲ့ ကသစ်ပန်းလိုဖြူစင်တဲ့သူ အပြုံးချိုချိုလေးနဲ့ရိုးသားသူအနားမှာနေရတာကို ဧကရာဇ်မောင် ပိုသဘောကျလာသည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now