Part...1

16.2K 1.5K 353
                                    


Zawggi

မြင့်မြတ်ကြီးကျယ်တဲ့ဂျိုဆွန်းနန်တော်...

ဟန်းဂုလူမျိုးတွေရဲ့ သုံးဆက်မြောက်ဘုရင် အိုဂျန်ဆု၊
ဘုရင်အိုဂျန်ဆုကဂျိုဆွန်းတစ်နိုင်ငံလုံးထောက်ခံမူ့နဲ့သက်တော်သုံးဆယ်မှာနန်းတက်လာခဲ့သည်။ရှေးခေတ်ဘုရင်တွေလို
ပဲ အိုဂျန်ဆုလည်းအရမ်းကောင်းမွန်တဲ့ဘုရင်တစ်ပါးမဟုတ်
ခဲ့။သူ့ခေတ်သူ့အခါတွင် ဗုဒ္ဓဘာသာဘုရားကျောင်းတော်၊
တော်တော်များများကိုပိတ်ပြစ်ခဲ့ပြီးနတ်ကိုးကွယ်မူ့ကိုလည်းအယုံအကြည်မရှိ။အိုဂျန်ဆုက ဘာသာမဲ့သူတစ်ယောက်။မိမိကိုယ်မှအပယုံကြည်အားကိုးရာမရှိဟူ၍ စကားအားဆွဲကိုင်ကာနိုင်ငံရဲ့တော်တော်များများတွင်ကိုးကွယ်ယုံကြည်သူတွေကိုဖိနှိပ်ခဲ့သည်စစ်ပွဲတွေတစ်ခုပြီးတစ်ခုဆင်နွှဲလာပြီးအိုဂျန်ဆု၏အာဏာသည်အရှေ့အလယ်ပိုင်းတစ်ခွင်တော်တော်ထိရောက်လာသည်။ ပြသနာတစ်ခု က ဂျိုဆွန်းမှာနေပူချိန်မြင့်တက်လာပြီးမိုးခေါင်ရေရှားလာခြင်းပင်။ကိုးကွယ်ယုံကြည်သူတွေအတွက်တော့...ဒါက ကောင်းကင်ကပေးတဲ့ဒဏ်ခတ်ခြင်းဟုခေါ်သည်။ထိုအချိန်ဂျိုဆွန်းနန်းတွင်းသို့အရပ်ရှည်ရှည်အသားမဲမဲလူတစ်ယောက်ခစာလာပြီးထိုလူကကိုယ့်ကိုကိုယ်မှော်ဆရာဟုသမုတ်သည်။

အိုဂျန်ဆုလည်းထို မှော်ဆရာဆိုတဲ့လူအားတွေ့ခွင့်ပေးလိုက်
ပြီးလာရင်းအကြောင်းအရင်းကိုမေးသည်။မှော်ဆရာက
ပြောသည်ကား

"အရှင်မင်းကြီး..မိုးခေါင်ရေရှားမူ့အတွက်ချက်ချင်းမိုးရွာ
ချနိုင်တဲ့အစီအရင်ကျွန်တော်မျိုးမှာရှိပါတယ်..."တဲ့

အိုဂျန်ဆုဘုရင်လည်းစိတ်ဝင်စားသွားရပြီးစဉ်စားမတွေးခေါ်
ဘဲထိုအစီအစဉ်ကိုမေးလိုက်မိတယ်။

"လွယ်လွယ်လေးပါ...ဂျိုဆွန်းရဲ့အနောက်ဘက် ဟူယောင်း
တောအုပ်အဆုံးမှာထူးဆန်းတဲ့သဘာဝအတိုင်းဖြစ်နေတဲ့
စိမ်းပြာရောင်ရေကန်ကြီးနှင့်ထုံးကျောက်ဂူကြီးရှိပါတယ်။
ထိုထုံးကျောက်ဂူ ကြီးရဲ့အစ ဟာ စိမ်းပြာရေကန်ဖြစ်ပြီး
အဆုံးကတော့မိခင်ပင်လယ်ပင်ကြီးနဲ့စပ်ဆက်နေပါတယ်။
အဲ့ထုံးကျောက်ဂူကြီးနဲ့စိမ်းပြာရေကန်ုကြီးထဲမှာရေသူမ
တစ်ကောင်ရှိနေပြီးထိုရေသူမကိုဖမ်းပြီးသတ်ပစ်လိုက်လျှင်
ခုနှစ်ရက်တိတိလေကြီးမိုးကြီးတိုက်ကာမိုးရွာချနိုင်ပါတယ်..
ဘုရား"

Thousand For Love(Completed)Where stories live. Discover now