Part..21

9.7K 1.3K 82
                                    

ကယ်ဆယ်ရေးသင်္ဘောနှင့်ပင်ဂျောင်ကု ဆိုလ်းသို့ပြန်ရောက်
ခဲ့သည်။တစ်ပတ်အတွင်းပျောက်ချင်းမလှပျောက်နေသော
ဥက္ကဌ ဂျွန်အားဘာထိခိုက်ဒဏ်ရာတစ်စုံတစ်လေမှမရှိဘဲ
ကောင်းကောင်းမွန်မွန်ုပြန်တွေ့လိုက်သောအခါလူတိုင်းမအံ
သြဘဲမနေနိုင်တော့။လှေငယ်တိမ်းမှောက်ခြင်းဖြစ်စဉ်တွင်
လှေပေါ်က လူတိုင်းအသက်ဘေးကြုံခဲ့ရပြီးအားလုံး
ကံသီစွာသေမင်းခံတွင်းကနေလွတ်မြောက်လာခဲ့သည်။
ဥက္ကဌ ဂျွန်ကိုအမည်မသိဆံပင်အပြာရောင်နဲ့ကောင်လေး
လာကယ်သွားတယ်ဆိုပြီးပတ်ခ်အန်နာကထွက်ဆိုသော်လည်း
ထိုဆံပင်အပြာရောင်နဲ့ကောင်လေးမှာRoseMarry
အပျော်စီးသင်္ဘောကြီးပေါ်မှမဟုတ်သလိုဘေးနားက သင်္ဘော
တွေဆီကသင်္ဘောသားလည်းမဟုတ်သောကြောင့်ကယ်ဆယ်
ရေးသမားတွေမှာတော်တော်တိုင်ပတ်ခဲ့ကြသည်။

ဂျောင်ကုအတွက် JEON Groupရဲ့ဥက္ကဌဆိုတဲ့ရာထူး
ကမသေး။သူ့ကိုပြန်ရှာမတွေ့ခင်ထိပင်လယ်ထဲငါးစားခံရသလို၊
ပတ်ခ်အန်နာကပဲ တစ်ခြားလူတွေပေါင်းကြံပြီးဂျောင်ကုကို
ရေထဲပဲတွန်းချခဲ့သလိုဘာလိုလိုညာလိုလိုသတင်းတွေအွန်
လိုင်းပေါ်တော်တော်များများပျံနှံလာပြီး အကျိုးဆက်အနေ
နဲ့ JEON Groupရဲ့ရှယ်ယာဈေးနူန်းမှာဟိုးအောက်
ထိထိုးကျသွားခဲ့သည်။ ဂျောင်ကု၏မိဘနှစ်ပါးသည်လည်း
Company ကိုဂရုမစိုက်နိုင်။သားသမီးဇောဖြင့်ကယ်ဆယ်
ရေးကိုအရှိန်မြှင်ခဲ့ကာ နေ့မနားညမနားရှာဖွေခဲ့သည်။သို့
သော် ဂျောင်ကု ကထူးဆန်းစွာပင်ပင်လယ်ပြင်က အန္တာရယ်
ကင်းကင်းပြန်ရောက်လာခဲ့သည်။

အပြောကျယ်တဲ့ပင်လယ်ပြင်မှာရက်သတ္တပတ်အတိုင်းအတာ
တစ်ခုထိဘယ်လိုရှင်သန်နေထိုင်ခဲ့လဲဆိုတာကို လူအများ
ကစိတ်ဝင်စားပေမဲ့ ဂျောင်ကုကဘာမှဖြေရှင်းချက်ပေးမနေ။
သူက ဆိုလ်းရောက်ရောက်ချင်းပင် JEON Group
ပိုင်ဆိုင်သောအရှေ့တိုင်းဆေးရုံကြီးတွင်တက်ရောင်ကုသ
ခြင်းခံခဲ့ရသေးသည်။သမုဒ္ဒရာထဲတွင်ကမ်းမမြင်လမ်းမမြင်ဖြင့်
လမ်းပျောက်ခဲ့ရပြီးသေပြီဟုတွေးထင်ကာမိဘနှစ်ပါးလုံးမှာငို
ယိုလို့မဆုံး။ ဖြစ်ပျက်အားလုံးကိုလည်းဂျောင်ကုရှင်းပြလို့မရ
သည်မို့ဒီအတိုင်းဘာဖြေရှင်းချက်မှမပေးဘဲရေငုံနူတ်ပိတ်နေ
ခဲ့သည်။

Thousand For Love(Completed)Where stories live. Discover now